အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။

“အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်ကနေ ၂၅ ရက်အထိ ၅ ရက်အတွင်း မြို့နယ် ၂၃၇ ခုမှာ ကောက်ယူခဲ့ပြီး စစ်တမ်းဖြေဆိုခဲ့သူ လူငယ် ၃,၁၂၈ ယောက်အပေါ်မှာ တွက်ချက်ပြီး စစ်တမ်းကောက်ယူထားတဲ့ရလဒ်ကို BSI က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါစစ်တမ်းဟာ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲကျော်ကာလမှာ လက်ရှိနိုင်ငံရေးရေချိန်နဲ့ အနာဂတ်အတွက် လူငယ်ထုဆီက သဘောထားအမြင်တွေနဲ့ပတ်သက်လို့ ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းအရ လူထုဘက်က ယုံကြည်မှုရှိမှုနဲ့ ယုံကြည်မှုမရှိမှုဆိုတဲ့ အပိုင်း ၂ ပိုင်းကို ရာခိုင်နှုန်းတွေအလိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

စစ်တမ်းအရ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကတော့ ယုံကြည်တဲ့ဘက်မှာရှိပြီး ၄၈ ရာခိုင်နှုန်းရှိသလို NUG ရဲ့ စီမံမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကတော့ ၅၇ ရာခိုင်နှုန်း ယုံကြည်မှုရရှိထားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လူထုယုံကြည်မှု မရှိတဲ့အပိုင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး လူငယ်ထုက ၈၀ ရာခိုင်နှုန်းအထိ ယုံကြည်မှု မရှိသလို မင်းအောင်လှိုင်ရဲ့ စစ်တပ်ကလည်း ယုံကြည်မှုမရှိတဲ့အပိုင်းမှာ ၇၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါသည်။

အဆိုပါစစ်တမ်းထဲမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ “ဝ”တပ်ဖွဲ့ (UWSA) လည်း ပါဝင်ပြီး အဆိုပါ ၄ ဖွဲ့ကိုတော့ လူငယ်ထုယုံကြည်မှုက ၃၁ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။