Myingyan Black Tiger (MBT) တပ်ဖွဲ့မှာ ထုတ်လုပ်ထားတဲ့ BT-16 သေနတ်တွေကို အလှူရှင် အမည်တွေနဲ့ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲမှာ အသိပေးထုတ်ပြန်ထားပါတယ်။

BT-16 ချေမှုန်းရေးရိုင်ဖယ်တွေကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF)တို့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး တစ်လက်ကို ၃၅ သိန်းဝန်းကျင် ကျသင့်တယ်လို့ သိရပါတယ်။

ထုတ်လုပ်ထားတဲ့ ရိုင်ဖယ်တွေဟာ ရှေ့တန်းစစ်မျက်နှာပြင် တိုက်ပွဲတွေ အသုံးပြုနိုင်တဲ့ အခြေအနေအထိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းပေးတဲ့ အလှူရှင်နာမည်တွေကို သေနတ်ဒင်မှာ ရေးထိုးမှတ်တမ်းတင်ပေးသွားမယ်လို့ Myingyan Black Tiger မှာ ကြေညာထားတာဖြစ်ပါတယ်။

Video – Myingyan Black Tiger

0 Shares:
You May Also Like
Read More

ကမ္မတပ်ပေါင်းစု KMDF စခန်း မီးရှို့ဖျက်ဆီးခံရပြီး သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ပတ်ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ချစ်သုဝေ ဆုတောင်းပေး (ရုပ်/သံ)

မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် တော်လှန်အနုပညာရှင် ချစ်သုဝေက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးပူးပေါင်းအင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၁ ရက်က ကမ္ဘဲ့ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတဲ့အတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။
Read More

အောင်လံတွင် မိုင်းကွင်းစစ်ဆေးရန်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ‌အောင်လံမြို့နယ်အတွင်း ခလရ ၂၁ က အင်အား ၂၀ ဝန်းကျင်နဲ့ မိုင်းကွင်းစစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။