ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း နောင်ချိုမြို့နယ်၊ တိမ်ပင်လယ်ကြီး ရှေ့တန်းစစ်မြေပြင်တစ်နေရာကို ရောက်ရှိနေတဲ့ အထက်ပါ စစ်မှုထမ်းတပ်ဖွဲ့ဝင် ၂ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အဆင့်ဆင့်ချိတ်ဆက်ရင်း ထွက်ပြေးအလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ဟုတ်ကဲ့ သူတို့က ရှေ့တန်းစစ်မြေပြင်ကနေပြေးလာတာပေါ့။ အဆင့်ဆင့် ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့တာပါ။ သူတို့က စစ်မှုထမ်းအပတ်စဥ် ၁၀ က တပ်သားတွေလို့သိရပါတယ်။ လက်ရှိတော့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီး သူတို့သွားချင်တဲ့နေရာကို ပို့ဆောင်ပေးဖို့ စီစဥ်ပေးထားပါတယ်။” လို့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တအောင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ရက်သတ္တပတ် ၃ခုကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၆ရက် ဒီနေ့မနက်ပိုင်းမှာတော့ မြို့တစ်ခုလုံးကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်ကြောင်း စစ်ကောင်စီလော်ဘီ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ ၂ ဦး (ဓာတ်ပုံ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

အသံတိတ်သပိတ်တွင် ပြည်မြို့ခံများ ဓာတ်ပုံကမ်းပိန်းဖြင့် ပူးပေါင်းပါဝင် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုတွေက အမိန့်ပေးစေခိုင်းသူနဲ့ လုပ်ဆောင်သူတွေအားလုံးကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေ

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများမှအမိန့်ပေးစေခိုင်းသူ နဲ့ လုပ်ဆောင်သူများကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲရာ ဒေသခံအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီမည်ဟု တရုတ် ထပ်လောင်းအတည်ပြု

တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။