ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချို့တစ်မြို့လုံးကို အပြီးသတ်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၆၀၀၀ ကျော်နဲ့ လေကြောင်းပစ်ကူတွေအပါအဝင် ရက်သတ္တပတ် ၃ ပတ်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက ဆိုပါတယ်။

နောင်ချိုမြို့ မကျစေရေးအတွက် TNLA ဦးဆောင်တဲ့ ပူးပေါင်းတွေက နည်းမျိုးစုံနဲ့ ခုခံကာကွယ်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူအပါအဝင် အင်အားထောင်နဲ့ချီ အသုံးပြု စစ်ကြောင်းထိုးခံရပြီးနောက် နောင်ချိုမြို့ကို ပြန်လည်လက်လွှတ်လိုက်ရတာပဲ ဖြစ်ပါတယ်။

“စစ်တပ်က တနေ့ကတည်းက မြို့ထဲက နေရာတချို့ကို စဝင်လာတာဗျ၊ မြို့ထဲမှာက ဒေသခံတွေ တော်တော်များများ မရှိကြတော့၊ အတိအကျ သိဖို့တော့ခက်မယ့် အခြေအနေမျိုး” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နောင်ချိုမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး စစ်ဥပဒေရုံး လုပ်ဆောင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တည်မြဲအမိန့်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီလ (၂၄) ရက် ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။