ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးအဖြစ် အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကြီး၊စခန်းငယ်တွေကို ထိုးစစ်ဆင်ခဲ့ရာ KIA နဲ့အတူ ဗမာ့တပ်တော်-BA (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်အပါအဝင် စခန်းကြီးစခန်းငယ်များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်နဲ့ စခန်းကြီးစခန်းငယ်တွေကတော့ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အမြောက်လက်နက်ကြီးတွေနဲ့ အဓိကခြိမ်းခြောက်နေခဲ့တဲ့ ဘွမ်ရယ်ဘွမ် (ပွိုင့်-၇၇၁) ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ်(သံခမောက်တောင်)ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနဲ့ တာဝါတိုင်ကုန်းများ(ကုန်းလော) စတဲ့စခန်းကုန်းတွေနဲ့ အခြားကာကင်းစခန်းငယ်တွေ ဖြစ်တယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် ဗျူဟာကျတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၃၇၀) အမြှောက်တပ်ရင်းဌာနချုပ်၊ အမှတ်(၆၀၁)ဒုံးတပ်ရင်းနဲ့ စကခ-၂၁(ဗန်းမော်)လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၃၇၊ ခမရ ၄၃၇ စတဲ့ တပ်ရင်းဌာနချုပ်တွေကိုလည်း KIA နဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KIA နဲ့အတူ တိုက်ပွဲဝင်အောင်ပွဲဆင်ခဲ့ရတဲ့အတွက် ဗမာ့တပ်တော် အနေနဲ့ များစွာဂုဏ်ယူမိသလို KIA ရဲ့ စစ်ဗျူဟာကောင်းတွေ၊ အတွေ့အကြုံကောင်းတွေနဲ့ မိမိတို့ရဲဘော်တွေ တိုက်စွမ်းရည်ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီလမ်းပြပေးခဲ့တဲ့ KIA ကို အထူးကျေးဇူးတင်ရှိကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။