မြိတ် − ထားဝယ်ခရိုင် ၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ၂ ရက်တိုင်တိုင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူးဆီက သိရပါတယ်။

KNLA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) အထူးဗျူဟာ (၂) တို့ပူးပေါင်းပြီး နတ်အိမ်တောင်ဧရိယာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ ကလိန်းအောင်တပ်နယ်မှ စစ်ကောင်စီ တပ်ရင်း (၅) ရင်း ပူးပေါင်းစစ်ကြောင်းနဲ့ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ ဒဏ်ရာရရှိနေချိန် ကျန်တဲ့စစ်ကောင်စီတပ်သားတွေက လက်နက်ကိုသာ ယူဆောင်သွားပြီး သူ့ကိုတော့ ဒဏ်ရာတွေနဲ့ ချန်ထားခဲ့တာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်ပေါင်းများစွာ ထမ်းယူကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အရှင်ဖမ်းမိတဲ့ ၄ ယောက်က ဒဏ်ရာရတယ်။ စစ်ကြောင်းက ထားခဲ့တာပေါ့နော်။ သေနတ်ကတော့ ယူသွားပြီးတော့ လူပဲထားခဲ့တာ။ သူတို့က ရိုးရိုးတပ်သားတွေပဲ။ ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ သူတို့က ဆုတ်ခွာသွားတယ်။ သူတို့စခန်းကို မရောက်သေးဘူး။ သူတို့ဆက်လာမလား၊ မလာဘူးလားဆိုတာ ကျနော်တို့အတိအကျမသိရဘူး” လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တစ်ယောက်ကတော့ “ကျနော်တို့ရဲဘော်တွေ အသက်ကို သူတို့တန်ဖိုးမထားပါဘူး ၊ ကိုယ်တွေ့ပါပဲ ၊ တိုက်ပွဲမှာ ဒဏ်ရာရရင် ကိုယ့်ရဲဘော်ပဲဆိုပြီး ပြန်သယ်မယ်၊ ဆေးကုပေးမယ်လို့တော့ လုံးဝမမျှော်လင့်ပါနဲ့၊ ကျနော့်လိုပဲစွန့်ပစ်ခံရမှာပါပဲ၊ အခွင့်သာတာနဲ့ တော်လှန်ရေအဖွဲ့တွေ ပြည်သူတွေဆီကို ထွက်ပြေး၊ အလင်းဝင်ကြတာအကောင်းဆုံးပါပဲ” လို့ ပြောခဲ့ကြောင်းကို KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေ က ထုတ်ပြန်ရေးသားထားပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်အုပ်စုထံက လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ကလည်း နတ်အိမ်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့စဉ် စစ်ကောင်စီတပ် ဗိုလ်မှူးအောင်ကိုဟိန်းအပါ ၄ ယောက် သေဆုံးကာ သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား၊ အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ

မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။