မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။

ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီကျော်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ K-8W အမျိုးအစား ဖိုက်တာတစ်စီးဟာ ဖော့တောလမ်းခွဲနေရာအနီးကို ပေါင် ၃၀၀ ဗုံးသီးတစ်လုံးချပြီး လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ ညနေ ၅ နာရီ ၁၈ မိနစ်လောက်မှာလည်း ပိုးဇာရွာရဲ့  ချာ့ချ်ကျောင်းအနီးကို ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့လို့ ဒေါ်ဟွမ်မဆီး (၄၅) နှစ်၊ သမီးဖြစ်သူ ‌မသောင်းမီးသာ (၁၄) နှစ်၊ မသောင်းမလေး (၁၁) နှစ်၊ သားဖြစ်သူ မောင်သောင်းစာ (၁)နှစ်နဲ့ အလည်လာသူ မဟဲဘိုမီး (၁၄) နှစ်၊ မနောမစာ (၁၂) နှစ်တို့သေဆုံးကာ ၊ ဒေါ်ကောဖာ (၇၀) နှစ် ၊ ဦးရီလေစူ (၄၀) နှစ်တို့ ထိမှန်ဒဏ်ရာရရှိသွားပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးမီးလောင်ကာ ၄ လုံးထိမှန်ပျက်စီးသွားပြီး ၊ ကား (၂) စီးလည်း ပျက်စီးခဲ့ပါသေးတယ်။

“ဒဏ်ရာရတဲ့လူအခြေအနေက အရမ်းကြီးမစိုးရိမ်ရပါဘူး၊ ချာ့ချ်ကျောင်းအနီးကိုကြဲသွားတော့ ကလေးတွေလည်းလာမှာပဲလေ အဲဒီမှာ ထိသွားတာနေမှာ” လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မောင်းကိုပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးရာမှာနေထိုင်ကြဖို့၊ လေကြောင်းရန်ကာကွယ်နိုင်ရေး ပုန်းခိုကျင်းတွေ တူးထားကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဇူလှိုင်လ ၁၂ရက်နေ့ကလည်း မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တစ်စီးဟာ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာထဲကို ပေါင်၂၅၀ ဗုံးသီးတစ်လုံး ကြဲချခဲ့လို့ ၁၆နှစ်အရွယ် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆)လုံးပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ စဉ့်ကူးကို ပြန်လိုချင်ပေမယ့် မြေပြင်ကနေ လာဖို့မလွယ်ကူတာကြောင့်  လေကြောင်းကနေ အခုလို တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အထိနာထားသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ​တွေက လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲနေသည့် စစ်တပ်ကို ၆၀ မမ များ ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။