မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ တိုက်ပွဲအတွင်း လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့ လက်နက် ကြီး၊ မိုင်း၊ လေကြောင်း အန္တရာယ်အသိပညာပေးဟောပြောပွဲတွေကို ပိုမိုလုပ်ဆောင်သွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“စစ်ရေးပိုင်း အရေးနိမ့်နေတဲ့ စစ်တပ်က လူထုကိုပါ ဦးတည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လေကြောင်းသုံး ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်။ ဒါမျိုး အန္တရာယ်နဲ့ကြုံလာရင် ဆုံးရှုံးမှုနည်းပါးအောင် အသိပေးဟောပြေပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်”လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဆိုပါတယ်။

ဟောပြောပွဲမှာ တော်လှန်ရုပ်ရှင်ပြပွဲတွေကိုလည်း ထည့်သွင်းပြသခဲ့ပြီး ကျေးရွာ ၂၀ ခန့်မှာ ပြသခဲ့ တယ်လို့ သိရပါတယ်။

Video – မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်စခန်းကုန်းများကို အမှုန့်ကြိတ်မည့် လူလိုက်ပါနိုင်သည့် ဒရုန်းစွမ်းဆောင်ရည် (ရုပ်/သံ)

လူကိုယ်တိုင် လိုက်ပါနိုင်တဲ့ဒရုန်း မှတ်တမ်းရုပ်သံကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် မြို့အများအပြားမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်း စကားများ ပြည်သူတွေထံ ဖြန့်ဝေ ( ရုပ်/သံ)

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြို့အများအပြားမှာ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေညပိုင်းမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေကို ပြည်သူတွေထံ ဖြန့်ဝေခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAYက ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းကနေ ချောက်ကို ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ စစ်သား ၁၂ ဦး သေ

မကွေးတိုင်း၊ ရေနံချောင်းကနေ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။