စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၁၄ရက် မနေ့က နေ့လယ် ၁နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇီးကုန်းမြို့ အ.ထ.က (၁) ကျောင်းမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ဖို့ သွားတဲ့အချိန် အရက်ဝယ်ပြီး ပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား ၅ယောက်ကို တွေ့ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း စစ်အုပ်စု ၅ယောက်ထဲက ၄ယောက် သေဆုံးပြီး ၁ယောက် ထွက်ပြေးလွတ်မြောက်သွားကာ ကာဘိုင် ၂လက်၊ AK ၁လက်၊ အိုက်ကွန် ၂လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သွားပြီး ပစ်ခဲ့တာတော့ အ.ထ.က(၁) မှာ အထိုင်ချထားတဲ့သူတွေရော.. သူတို့တွေ အရက်သွားဝယ်တယ်ဆိုတာ အမြဲ သတင်းရနေလို့ရော တစ်ခုမရ တစ်ခု အကုန်ရရင်ရသလို လုပ်ဖို့ပါ” လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အာဏာသိမ်းပြီးကတည်းက အဆိုပါ ဇီးကုန်းမြို့ အ.ထ.က(၁) ကျောင်းမှာ တပ်စွဲထားတာဖြစ်ပါတယ်။ အထက်ပါ တိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင် လှုပ်ရှား ပကဖ ဗိုလ်ရသ(ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နဲ့ ရေဦးနယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်ခတ်မှုဖြစ်တာက မြို့အလယ်ခေါင် အ.ထ.က (၁) အနားမှာပါ။ သူတို့အထိုင်နဲ့ အနီးနားမှာပါ။ သူတို့ရဲ့ အလောင်းတွေကို ထွက်ပြီး တန်းမကောက်ခဲ့ပါဘူး။ အချိန်အတော်ကြာမှ လာကောက်တာပါ။ သွားပစ်တဲ့အချိန် အခက်အခဲကတော့ ဘာမှမရှိပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပတ်သည့် စစ်ကောင်စီတပ်နှင့် ပေါ်တာဆွဲသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ…

"ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ " လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော် ပိတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။