စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၄ ရက် ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ဒိုးပင်ရွာအနီး တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေ ဖြစ်တဲ့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ ကလေးငယ် ၁ ယောက် စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ ဆီဘောင်ဆာကား ၂ စီး၊ ထမင်းဆိုင် ၁ ဆိုင်နဲ့ အခြားနီးစပ်ရာ ပစ္စည်းများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်သူ​တွေကို တွေ့တဲ့နေရာမှာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးသူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် သာမဏေ ၄ ပါး အပါ အရပ်သား (၉) ဦး သေဆုံး၊ (၁၇) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနဲ့ သာမဏေ ၄ ပါး အပါအဝင် အရပ်သား (၉) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။