မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ အခုလို မှတ်တမ်းတင်ပြုစုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်တာတွေကို ပြုလုပ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

မှတ်တမ်းတင် ပြုစုရာမှာလည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ပါဝင်သူ ၊ အကြမ်းဖက်ရာမှာ ကြံရာပါဆောင်ရွက်သူ၊ အကြမ်းဖက်မှု မြောက်ရန် အားပေးလှုံ့ဆော်သူ၊ အများပြည်သူရဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ အသက် အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူတွေကို အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက်အဖွဲ့ဝင်တွေလို့ သတ်မှတ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး၊ ပြည်သူ့စစ် စတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကိုလည်း တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ဆောင်တာမရှိပေမယ့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ သတင်းချက်အလက်တွေကို စစ်ကောင်စီထံ သတင်းပေးသူတွေ၊ ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ နှိပ်စက်ညှင်းပန်းတာတွေ၊ သတ်ဖြတ်တာတွေ၊ ထောင်သွင်းအကျဉ်းချတာတွေ၊ ပြည်သူတွေရဲ့ အိုးအိမ် ပစ္စည်းတွေကို ဆုံးရှုံးနစ်နာစေတာတွေ စသဖြင့် ပြုလုပ်သူတို့ကိုလည်း စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက် အဖွဲ့ဝင်အဖြစ် သတ်မှတ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

“အခု တိုင်ကြားလာသူတွေရှိနေပါပြီ။ ကနဦးအနေနဲ့ တိုင်ကြားမှု ဖြစ်စဉ်စပြီဆိုတာနဲ့ တိုင်ကြားသူရဲ့ တိုင်ကြားရတဲ့ အကြောင်းရင်းနဲ့ သူကိုယ်တိုင်လား (သို့မဟုတ်) ကိုယ်စားလားဆိုတာကို ကျနော်တို့အရင် စီစစ်ပါတယ်။ အဓိကကတော့ ပုဂ္ဂိုလ်ရေးပြသနာတွေ မလိုမုန်းထားမှုတွေ မပါရှိရအောင်ပါ။ ဒီနေရာမှာလည်း တိုင်ကြားသူရဲ့ လုံခြုံရေးကို ကျနော်တို့ အထူးလျှို့ဝှက်ပေးပါတယ်” လို့ ဗိုလ်တွံတေး မြို့နယ်တာဝန်ခံ (တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့) က မောင်းသတင်းဌာနကို ပြောပါတယ်။

တိုင်ကြားခံရသူဟာ ပြည်သူစစ်၊ ပျူစောထီး၊ ရပ်ကျေး/အုပ်ချုပ်ရေးအဖွဲ့ဝင်တ၊ ဌာနဆိုင်ရာ စသဖြင့် ခွဲခြားနိုင်ဖို့ကိုလည်း စီစစ်ပြီး စာရင်း ပြုစုသွားမှာဖြစ်ပြီး CDM မလုပ်ရုံနဲ့ စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့ဝင်လို့ မသတ်မှတ်ဘူးလို့လည်း ဆိုထားပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ အကျုံးဝင်သူတွေကို တိုင်ကြားရာမှာ စစ်ကောင်စီဒေါက်တိုင်ရဲ့ ဓာတ်ပုံ၊ အမည်၊ အဖအမည်၊ အမိအမည်၊ မှတ်ပုံတင်အမှတ်၊ လိင်(ကျား/မ)၊ အိမ်ထောင်ရှိ/မရှိ၊ သားသမီးရှိ/မရှိ (ရှိပါကအရေအတွက်ကို ဖော်ပြနိုင်ပါက ဖော်ပြရန်)၊ လူမျိုး/ဘာသာ၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ (အပြည့်အစုံ)၊ စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မှုတွေနဲ့ မှတ်တမ်း၊ သူတို့ကြောင့် ထိခိုက်နစ်နာသူ၊ ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူ၊ ညှင်းပန်းနှိပ်စက်ခံရသူနဲ့ ပစ္စည်းများ ဆုံးရှုံးမှုအချက်အလက်တွေကို ပေးပို့ တိုင်ကြားနိုင်တယ်လို့ ဆိုထားပါတယ်။

သူကပဲ ဆက်လက်ပြီး “လတ်တလော အခြေအနေအရက တော်လှန်ရေးကာလဖြစ်တယ်။ ဒါ့ကြောင့် လက်တွေ့ မြေပြင်အရေးယူမှု ဆောင်ရွက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဘယ်လိုအရေးယူရမယ်… ဘယ်လိုစစ်ဆေးရမယ် ဆိုတာတွေကို NUG,MoD ဘက်က ညွှန်ကြားချက်တွေ ရှိပြီးဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နည်းလမ်းတကျ ဆောင်ရွက်ပါမယ်” လို့ ဆိုပါတယ်။

တိုင်ကြားမှု သက်သေအထောက်အထားတွေကိုတော့ အခုချိန်ကတည်းက မှတ်တမ်းတင်ဆောင်ရွက်ထားမှာဖြစ်ပြီး အခု မထုတ်ပြန်မီ ၂၀၂၁ခုနှစ်ကတည်းက ထိခိုက်နစ်နာခဲ့မှုတွေကိုလည်း အထောက်အထားတွေနဲ့ တိုင်ကြားခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုထုတ်ပြန်ချက်အရ စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ ပတ်သက်သူတွေကို သတင်းပေးတိုင်ကြားလိုရင် တပ်ဖွဲ့ရဲ့ FACEBOOK Page Messenger ဒါမှမဟုတ် တပ်ဖွဲ့ရဲ့ Telegram @ttpdo21 ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြားသူရဲ့ ကိုယ်ရေးလုံခြုံမှုအတွက် အထူးလျှို့ဝှက်ဖို့ လိုအပ်တာတွေကိုလည်း အထူးလျှို့ဝှက်ပြီး အကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။