ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဘဏ်ကနေပိုက်ဆံထုတ်ပြီး ပြန်လာချိန် ဆိုင်ကယ်ဘောက်အတွင်း ထည့်ထားတဲ့ သိန်း ၆၀ ခိုးယူခံခဲ့ရတယ်လို့ ပဲခူးမြို့ ဒေသခံက စီစီတီဗီမှတ်တမ်းဖိုင်နဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့က ခိုးယူခံရသူဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ပြီး ပြန်လာချိန် ဖုန်းကာဗာဆိုင်အတွင်း အားသွင်းကြိုး ဝင်ရောက်ဝယ်ယူရာမှာ ဆိုင်ကယ်ဘောက်အတွင်းထည့်ထားတဲ့ သိန်း ၆၀ ကို ခိုးယူသူတွေက ဘောက်ဖွင့်ကာ ခိုးယူခဲ့တာဖြစ်ကြောင်း ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရပါတယ်။

”ဘဏ်ထုတ်သူက နေအိမ်ကိုတန်းပြီးပြန်မယ့်အနေအထားရှိရင် လူရှင်းတဲ့နေရာအရောက် လုယက်ကြလေ့ရှိပြီး အခုလို တစ်နေရာရာဝင်နေပြီဆိုရင်တော့သူတို့အတွက် အခွင့်အရေး ပိုရလေ့ရှိကြပါတယ်။ ဒီဖြစ်စဥ်ဟာ ဆိုင်ကယ်တူးဘောက်ထဲ ရွှေ/ငွေတွေ အလွယ်တကူ အသွင်း/အထုတ်လုပ်ကြသူတွေအတွက်သင်ခန်းစာပါ”လို့ Facebook သုံးစွဲသူ ၁ ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမိခြင်း ရှိ၊ မရှိကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။

Video – Aung Ko Thet

0 Shares:
You May Also Like
Read More

ထားဝယ်လူထုသပိတ်အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ် လူသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား

''မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်''
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။