မကွေတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အသက် (၂၄) နှစ်အရွယ် စစ်မှုထမ်းသင်တန်းဆင်း စစ်သားဟာ ဇွန်လ ၂၅ ရက်က နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းမှာ ရှေ့တန်းကင်းကျချိန် MA1 (၁)လက်၊ MAကျည်ဘောက် (၃)ခု ၊ 5.56ကျည် (၁၀၀)တောင့် ၊ အီကွစ်မန့်  (၁) ခု နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

သရက်ခရိုင်အမှတ် ၄ တပ်ရင်း အနေနဲ့ အလင်းဝင်ရောက်လာသူကို ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ဆုကြေးငွေကျပ်သိန်း (၃၀) ကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သားဟာ မကွေးတိုင်း ၊ သရက်ခရိုင် ၊ သရက်မြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မူထမ်းဖို့ မတရားဖမ်းဆီး ပေါ်တာဆွဲခံရပြီးနောက် စစ်ကောင်စီရဲ့နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းဆီ ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းလာသူတွေကို အကောင်းဆုံးချိတ်ဆက်ပြီး ခေါ်ယူပေးနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

မြစ်ခြေတွင် နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၅ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ခေါင်းဆောင်နှင့် အရာရှိများကို ဆဲဆိုဝေဖန်ခဲ့သည့် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်း အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

"ဇော်ဘုန်းဟိန်း ထောင် ၁၁ နှစ်ကျတာ မဖြစ်သင့်ဘူးတဲ့။ ဒါကိုတော့ ကိုယ် လက်ခံတယ်။ လုံးဝ ၁၁ နှစ် မဖြစ်သင့်ဘူး။ without ကားတွေ ဖမ်းမယ်ဆိုမှ without ကား စီးပြတာ။ လက်နက်တွေကို အရေးယူမယ်ဆိုမှ သေနတ်တကားကားနဲ့ TT ဆော့ပြခဲ့တာတွေ ရှိသေးတယ်။ အဲ့ကိစ္စနှစ်ခုအတွက် နောက် နှစ်မှု ထပ်ကပ်သင့်သေးတာ.... အဲ့နှစ်မှု ထပ်ကပ်ပြီး အားလုံး ထောင် ၁၂ နှစ် ခွဲလောက်ဆိုမှ ဖြစ်သင့်တာ..." လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားခဲ့ပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြောက်ဥက္ကလာပ ထွေအုပ်ရုံးအား ဖောက်ခွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်တပ်လက်ပါးစေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့တွေ့ဆုံပွဲတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တဲ့ ပြည်သူနဲ့ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။