တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက်  အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်ခွဲမှာ လက်ရှိတာဝန်ယူထားရတဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ဟာ စစ်အုပ်စု လက်ရှိကျင့်သုံးနေတဲ့ စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းတွေကို လက်မခံနိုင်တော့တဲ့အတွက် ဇူလိုင်လ ၁၃ရက် ဒီနေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

“သူက တပ်ရင်း ၁၀ ထဲကို ဝင်လာတာ။ တစ်ယောက်တည်းပဲ ဝင်လာတာ။ သူက လှုပ်ရှားတပ်ခွဲက တပ်ခွဲမှူးပါ။ သူ့ဘာသာသူ ဆုံးဖြတ်ပြီးဝင်လာတာပေါ့နော်။ လက်နက်တွေတော့ မပါခဲ့ဘူး။ ဘာဆက်လုပ်သွားမလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး” လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကိုပြောပါတယ်။

အထက်ပါ ဗိုလ်ကြီးဇော်ဇော်အောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အလင်းဝင်လာတဲ့ ဗိုလ်ကြီးမြင့်ဆွေဦး (ခ) စောမိုးဇက်နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်လက်အလင်းဝင်ရောက်လာဖို့ ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ပဒိုစောအယ်နားက ဆိုပါတယ်။

သုခစခန်းတာဝန်ခံ စစ်ကြောင်း (၂) စစ်ကြောင်းမှူး ဗိုလ်ကြီးမြင့်ဆွေဦး (ခ) စောမိုးဇက်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင်ထံ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ ဗိုလ်ကြီး ဇော်ဇော်အောင် (ညာစွန်)
0 Shares:
You May Also Like
Read More

ပခုက္ကူနယ်ထဲ စစ်တပ်က မီးဝင်ရှို့နေလို့ ဒေသခံ ရာနဲ့ချီ တိမ်းရှောင်နေရပြီး ရာသီဥတုအအေးဒဏ်ကြောင့် ဒုက္ခများနေကြ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရေလာလေးစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အနီးအနား ကျေးရွာတွေဆီ စစ်ကြောင်းဝင်မီးရှို့တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်ထဲ တိုက်ပွဲ ၁၀ ရက်ကျော်လာပြီဟု ဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေမှာ မဲလက်မှတ်သွားရောင်းရာကနေ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာနေပြီလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့သည့် ကုန်တင်ကားတန်း ရာချီကို စစ်အုပ်စု ထပ်မံပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့တဲ့ ကုန်တင်ကားတန်း အစီး ၈၀၀ ကျော်ဟာ လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအတွင်း ထပ်မံပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေပါရှိနေကြောင်း ကန့်ဘလူခရိုင် တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို လက်ပစ်ဗုံးများ၊ ပြင်းအားမြင့် မိုင်းများဖြင့် မြို့ပြကြွက် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။