ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၆ ရက်က ဟားခါးမြို့ရှိ ရဲတစ်ယောက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးဆီ ပူးပေါင်းပါဝင်ဖို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ တစ်ယောက်ကို Chinland Defense Force – Hakha က နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေး ချီးမြှင့်တဲ့အပြင် လုံခြုံသည့်နေရာရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းချင်သူတွေကို အမြဲတမ်းကြိုဆိုနေသလို လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူသွားမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အုတ်တွင်းရှိ စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တိုက်ပွဲအတွင်း CDF – KKG တပ်ဖွဲ့မှ တပ်စိတ်မှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay - Kabaw - Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။