ကော့ကရိတ်မြို့နယ်၊ ဥကရစ်ထ ကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) တပ်တွေက ဇူလိုင်လ (၁၂) ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်း အဆိုပါစခန်းအနီးဝန်းကျင် နေထိုင်တဲ့ ဒေသခံပြည်သူ မြန်မာနိုင်ငံသား ၄၆၇ ယောက်ဟာ တိုက်ပွဲဘေးကနေ လွတ်ကင်းဖို့ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဟာ ဥကရစ်ထစခန်းကို သိမ်းပိုက်ပြီးနောက် မြဝတီမြို့အနီး စစ်ကောင်စီရဲ့ တပ်စခန်းအဖြစ် ဝေါလေဗျူဟာကုန်းနဲ့ ထီးသဲလယ်စစ်တပ်စခန်းတို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ 

အဆိုပါဒေသရှိ နယ်စပ်စခန်းတွေဖြစ်တဲ့ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်း၊ မော်ခီးစခန်း၊သေ့ဘောဘိုးစခန်းနဲ့ ထီးကပယ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။