ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် တစ်ယောက်အပါအဝင် အပြစ်မဲ့ ကလေးငယ်(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) – ဒူးပလာယာခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တပ်သစ်အမြောက်ကုန်းကနေ (၁၂၀)မမ လေကွဲ လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ်၊‌ မြောက်ကြာအင်းကျေးရွာ၊ ကုန်းမြင့်သာယာရပ်ကွက်နေ ကလေးငယ် (၄) ယောက် ထိမှန် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရ ကလေးငယ်တွေအနေနဲ့ အသက် (၁၀) နှစ်အရွယ် မိန်းကလေးက ညာဘက်နားထင်၊ ဘယ်ဘက်ဒူးခေါင်း ထိမှန်ပြီး နားထင်‌မှာ ကျည်စကျန်ရှိဒဏ်ရာ၊ အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်က ညာဘက်နားထင် ကျည်စထိမှန်ဒဏ်ရာ၊ အသက် ၂နှစ်ခွဲကျော် ယောက်ျားလေးကတော့ ဘယ်ဘက်ကျောကုန်း၊ ဘယ်ဘက်လက် ယမ်းစထိမှန် ဒဏ်ရာနဲ့ အသက်(၁၀)လ အရွယ် ကလေးငယ်ကတော့ နဖူး ကျည်စထိမှန် ဒဏ်ရာ စတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေရဲ့ ‌နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူပိုင်အဆောက်အဦးတွေကို ပစ်မှတ်ထားကာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ ကလေးငယ်များ (ဓာတ်ပုံ KNU – Dooplaya District)

0 Shares:
You May Also Like
Read More

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ABSDF ဗဟိုစစ်ကော်မရှင်နှင့် PRA (မကွေး) ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာက MRTV အသံလွှင့်တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန်းဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးမှာ ပို့ဆောင်ပေးခဲ့တဲ့ မင်းခေါင်ပရဟိတအဖွဲ့ကို စစ်ကောင်စီ ဖမ်းခေါ်သွား

မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းသားတချို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။