ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်မှာ CDF – Hakha တပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တာဝန်ခံတစ်ယောက်ဟာ Salingyi Special Task Force (SSTF) တပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ် ။

ထွက်ပြေးတိမ်းရှောင်နေသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကိုပုတီး (ခ) ဦးကျော်မင်းဇော် ဟာ ဇူလိုင်လ ၁၂ ရက် မနေ့က နေ့လယ် ၃ နာရီ ၄၀ မိနစ်ခန့်မှာ ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်ပြီး လာရောက်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၂၅ ခုနှစ်၊ ဂျူလိုင်လ ၁၂ရက်နေ့၊ နေ့လည် ၃နာရီ ၄၀မိနစ် အချိန်တွင် ကျော်မင်းဇော် (ခ) ပုတီးသည် ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်၍ လာရောက်အဖမ်းခံခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဂျူလိုင်လ ၁၀ ရက်နေ့ရက်စွဲဖြင့် Chinland Defense Force – Hakha မှ ထုတ်ပြန်တဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး လက်မှတ်ထိုးထားသော ထောက်ခံစာအား အလွဲသုံးစားလုပ်ကာ မူးယစ်ဆေးဝါးသယ်ယူသည့်ပြစ်မှုကို စစ်ဆေးစုံစမ်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်” လို့ Salingyi Special Task Force (SSTF) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၈ရက်နေ့တုန်းက ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၁၅) တပ်ရင်းမှူးရဲ့ ထောက်ခံစာနဲ့အတူ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားရ်တံတားကို ကားနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 (ခ) ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ် ၂လက်၊ mini starlink ၂ခုတို့နဲ့အတူ တော်လှန်ရေးရဲဘော် ၃ယောက်၊ ယာဥ်မောင်း ၁ယောက်နဲ့ စပယ်ယာ ၁ယောက်ကို ဟားခါးမြို့နယ်အတွင်း CDF-Hakha က ဖမ်းမိခဲ့တာပါ။ မူးယစ်ဆေးသယ်ဆောင်ရာမှာ အဓိက တာဝန်ခံဖြစ်တဲ့ ကိုဇော်လတ် (ခ) ဦးဝင်းမော်နဲ့ ကိုပုတီး (ခ) ဦးကျော်မင်းဇော်တို့ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ CDF-Hakha က ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြစ်စဥ်အတွက် SSTF ထံ လာရောက်အဖမ်းခံသည့် ကိုပုတီး (ခ) ဦးကျော်မင်းဇော်

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဇူလိုင် ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF Hakha က ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူးကတော့ သူ့အနေနဲ့ ရဲဘော် ၄ယောက်ကို ဖောက်ခွဲရေးယမ်းတွေ သယ်ယူဖို့အတွက်သာ သေနတ် ၂လက်နဲ့ ကား၂စီး အပါအဝင် သူ့လက်မှတ်နဲ့ ထောက်ခံစာ ပေးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်မှုကတော့ ရဲဘော်တွေရဲ့ ပုဂ္ဂလိက လုပ်ရပ်ဖြစ်ကာ အဖွဲ့အစည်းနဲ့ ပတ်သက်မှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ရဲဘော် ကိုဇော်လတ် (ခ) ဦးဝင်းမော်နဲ့ ကိုပုတီး (ခ) ဦးကျော်မင်းဇော် တို့ကိုလည်း လိုက်လံဖမ်းဆီးကာ ထိရောက်တဲ့ပြစ်ဒဏ် ပေးသွားမယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူး ကိုဖိုးသောင်းက ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

ကိုပုတီး (ခ) ဦးကျော်မင်းဇော် လာရောက်အဖမ်းခံခဲ့တဲ့ Salingyi Special Task Force (SSTF) ကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းတွင် ကင်းပတ်ထွက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ဘက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တို က်ခိုက်ခံရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

သီတင်းကျွတ်မှာ စုံစုံညီညီ ဖြတ်သန်းရမယ့် မိသားစုတွေ စစ်ကောင်စီကြောင့် ဝေးကွာနေရတယ်လို့ NUG ယာယီသမ္မတ ပြော

အာဏာကို မက်မောနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် သီတင်းကျွတ်ကာလကို ပြည်သူတွေဟာ နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှု ပျောက်ဆုံးခြင်းတွေနဲ့ ဖြတ်သန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက "ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား" မှာ ထည့်သွင်းပြောကြားထားပါတယ်။
Read More

ပေါက်တွင် ယောချောင်းရေလျှံမှုကြောင့် အရပ်သားများ စိုက်ပျိုးထားသည့် လယ်ဧက​များ ရေတိုက်စားဆုံးရှုံးပျက်စီး…

"နဂိုက ရေတင်စိုက်ရတာ၊ မိုးကအခုမှကောင်းနေတာ။ အခုဆို နိုင်ငံရေးကမကောင်း စပါးခင်းတွေကရေနစ် ရွာကမီးရှို့ခံရနဲ့ဆိုတော့ ဒေသခံတွေအဖို့အ​တာ်လေးဒုက္ခရောက်ရတယ်။ နောက်ပြီး ဆောင်းသီးနှံကြက်သွန်တွေလည်းမရောင်းကြရဘူး။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။