ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်လမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တွေ ပူးပေါင်းအထိုင်ချ ထားတဲ့ ခွန်စိုင်ယာန်စစ်တပ်ဂိတ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိ ရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက်ကို ဖမ်းဆီးမိခဲ့ကာ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရှင်မကန်တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင် (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်‌တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

KIA ထိန်းချုပ်ထားသည့် မန်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းလေးဒေသ ကေလာရွာမှာ သေဆုံးသူ ၄၁ ဦးရှိပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အကူအညီများ လိုအပ်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ကေလာရွာမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ခြေ ၇၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၁ သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၈ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက သတင်းထုတ် ပြန်ထားပါတယ်။
Read More

မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အဆောက်အအုံကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ၃ ထပ်အ ဆောက်အအုံကို စက်တင်ဘာ ၁၀ ရက်က Anyar Heroes လက်နက်ကြီးအဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၃ ထပ်အဆောက်အအုံကို ထိမှန်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၂ ယောက် အပြင်းအထန်ရရှိသွားတယ်လို့ မြိုင်ပကဖမှ ထုတ်ပြန်ထားပါတယ်။