ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။

ဇူလိုင်လ ၁၁ ရက် မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ ကြံ့ခိုင်ရေးပါတီရုံးကို ပစ်မှတ်ထားပြီး M79 လောင်ချာနဲ့ ၄၀ မမ ဗုံးသီး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲနဲ့ ပက်သတ်တဲ့ကိစ္စတွေ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်ကောင်စီ ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါဝင်လုပ်ကိုင်နေသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့လည်း Yangon Army က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။