ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ကြံ့ခိုင်ရေးပါတီ အမတ် စိုင်းငေါင်းဆိုင်ဟိန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဇူလိုင်လ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌဖြစ်သူ စိုင်းငေါင်းဆိုင်ဟိန်းဟာ တောင်ယာခြံလုပ်ငန်းတွေ လုပ်ကိုင်နေချိန်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်စလုံး အနိုင်ရထားတဲ့ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ စိုင်းငေါင်းဆိုင်ဟိန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စစ်ကောင်စီရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂျပန် ဖိုက်တာ တာခဲရူကို မြန်မာလက်ဝှေ့ကျော် သန့်ဇင် ရှုံးနိမ့်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Read More

ဖားကန့်တွင် အမည်မသိအမျိုးသား ၃ ဦးကို SNA တပ်ဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွား

" ဒီနေရာမှာ ပြောစရာရှိတာက ဖားကန့်ကို မိန်းလမ်းမကြီးကနေသွားလို့ရပေမယ့် မှော်စီစာကနေ ဖားကန့်ကိုဝင်ဖို့ အမှိုက်ပုံလမ်းလည်း ရှိပါတယ်၊ ကုမ္ပဏီလုပ်ကွက်တွေ ရွာတွေကနေ ဖြတ်သွားရတာပါ။ စကစ စစ်ကြောင်း ညအိပ် ထွက်သွားတဲ့ တောင်ယာကုန်းမှာ အစောနက အမျိုးသားသုံးဦးကို တွေ့ရတာ ဖြစ်ပါတယ်" လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကွယ်လွန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ကွယ်လွန်သွားတယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။