Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ရှေ့ကနေ ပါဝင်တိုက်ခိုက်မယ့် ကျားမဲ ကွန်မန်ဒိုစစ်ကြောင်းကို စုဖွဲ့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ကွန်မန်ဒိုတွေကို တပ်ရင်းထဲက သင်တန်းဆရာတွေနဲ့ တပ်ဖွဲ့ဝာာဝန်ရှိသူ တပ်မှူးတပ်သားတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး လနဲ့ချီကြာ‌အောင် စမ်းသပ်စစ်ဆေးမှုတွေနဲ့ အထူးသင်တန်းပေး လေ့ကျင့် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေ လှူဒါန်းထားတဲ့ ကျားမဲဟိန်းသံမြို့သို့ညံကမ်ပိန်းကနေ  Level 4 ကျည်ကာ၊ ဦးထုပ်တွေကို ကွန်မန်ဒိုတပ်သား ၅၀ အတွက် ဝယ်ယူတပ်ဆင်ပေးထားပြီး အရေးကြီးတဲ့ ချေမှုန်းရေးရိုင်ဖယ် အလက် ၅၀ ကိုလည်း မဟာမိတ်တပ်ဖွဲ့တွေထံကနေ အကြွေးနဲ့ မှာယူထားတယ်လို့ သိရပါတယ်။

မှာယူထားတဲ့ AK-47 အလက် ၅၀ ကမ်ပိန်းအတွက် တော်လှန်မိဘပြည်သူတွေ ပါဝင်အားဖြည့်လှူဒါန်းပေးကြဖို့လည်း MBT တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Video – Myingyan Black Tiger

0 Shares:
You May Also Like
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်အထူးစီပွားရေးဇုန်မှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်လည်ပတ်မှာ စခန်းထား တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၇ ၇က်က တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့ထံက သိရပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်  မိုဃ်းကောင်းစေတီတော် ရေထဲ မျောပါ (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ် ဆိုင်းစုကျေးရွာမှာ တည်ထားကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်  မိုဃ်းကောင်းစေတီတော်မြတ်ကြီးဟာ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေထဲမျောပါ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်-၂၊ တပ်ခွဲ-၃ KRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင်၊ တပ်ရင်း အမှတ်-၂၊ တပ်ခွဲ - ၃ KRA ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။