ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

အစည်းအဝေးကို KNU -မြိတ်ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝေး၊ ကရင်လူငယ်အစည်းအရုံး အကြံ‌ပေးပုဂ္ဂိုလ် ပဒိုစောဒေးထူးနဲ့ ပ‌ဒိုနော်အယ်ဆဲတိုး၊ ခရိုင်ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်တွေ၊ မြို့နယ်အသီးသီးက ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်တွေ တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ နှစ်ပတ်လည်အစီရင်ခံစာနဲ့ မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (၈)ကြိမ်မြောက်ကွန်ကရက်က ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ 

‎နှစ်ပတ်လည်အစည်းအဝေးမပြုလုပ်မီ ဇူလိုင်လ (၇)ရက်ကနေ (၉)ရက်အထိ ခရိုင်ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်တွေနဲ့ မြို့နယ်အသီးသီးက ကရင်လူငယ်ခေါင်းဆောင်တွေက လူငယ်နဲ့ နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နဲ့ တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နဲ့ အမျိုးသားရေးအခန်းကဏ္ဍတေီနဲ့ ပတ်သက်တဲ့ အ‌ကြောင်းအရာတွေကို ကြိုတင်တွေ့ဆုံဆွေး‌နွေးမှုတွေနဲ့ သုံးသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။