ယောကာကွယ်ရေးတပ် – YDF အနေနဲ့ ယောနယ်က စိုးမိုးနယ်မြေအတွင်းရှိ နေရပ် မပြန်နိုင်သေးတဲ့ ကာလရှည် စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာဆန်နဲ့ အမိုးအကာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းတွေက ပြည်သူ့အိုးအိမ်ပစ္စည်းတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ရွာလုံးကျွတ် ပြာပုံဘဝရောက်ခဲ့ရပြီးနောက် စစ်ဘေးရှောင်စခန်းတွေ တည်ဆောင်ကာ နှစ်ရှည် ပြောင်းရွှေ့နေထိုင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူ အိမ်ထောင်စု (၃၀) ခန့်ကို ယောကာကွယ်ရေးတပ် – YDF က ရိက္ခာဆန်တွေနဲ့ မိုးကာတွေ အိမ်တိုင်ရာရောက် သွားရောက် ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ယောကာကွယ်ရေးတပ် – YDF အနေနဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် စစ်ရေးဖော်ဆောင်မှု ၊ စစ်ရေးပြင်ဆင်မှုတွေကို စဥ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေသလို ပြည်သူ့တော်လှန်ရေး ခေါင်းစဥ်အောက်မှာ ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပြီး ယောနယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းတွေအတွက် လိုအပ်ချက်တွေကို အလျဥ်းသင့်သလို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ယောနယ်အတွင်းရှိ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့၊ ပြည်သူမှ ပြည်သူသို့ ပံ့ပိုးကူညီကာ အချင်းချင်းရိုင်းပင်းကူညီ စောင့်ရှောက်ပေးကြဖို့ YDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပညာရေး ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေရှိရင် ယောကာကွယ်ရေးတပ် – YDF ဆီ ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၇) ရဲ့ (၃) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ၁၇ ) တည်ထောင်ခဲ့ခြင်း ( ၃ ) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနားကို နိုဝင်ဘာလ(၃၀) ရက်က ကရင်နီပြည် ၊ ရှားတောမြို့နယ် တစ်နေရာရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်အနီးက ခလယ့်ဒေး စစ်ကောင်စီတပ်စခန်းကို KNU တိုက်ခိုက်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်အနီးက စစ်ကောင်စီ ခလယ့်ဒေး စစ်တပ်စခန်းကို KNU လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦး တိုက်နယ်ဆေးရုံကို စစ်တပ် အကြောင်းမဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံများ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။