‎စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားတဲ့အထိ ခုခံတိုက်ခိုက်ရင်း လက်လွှတ်ထားခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့မှာ စတင်စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ သိမ်းယူထားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီနောက် စစ်ရေးအခြေအနေအရ ဆုတ်ခွာထားရတဲ့ တော်လှန်ရေးတပ်တွေက နောက်ထပ် နယ်မြေတွေမပေးရရေးအတွက် ချောင်းမကြီးရွာကနေ စစ်ကောင်စီတပ်တွေ မကျော်နိုင်အောင် ၁၇ ရက်ကြာ ခုခံတိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး မြသိန်းတန်ဘုရားအထိ ကစဥ့်ကလျားနဲ့ တပ်ဆုတ်သွားရအောင် တိုက်ခိုက်ရင်း လက်လွှတ်ထားရတဲ့ ကျေးရွာ ၂ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

‎၁လကြာ ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းမှာ မင်းကွန်းရဲစခန်းနဲ့ စစ်ကိုင်း တပ်မ ၃၃ က အကြမ်းဖက်စစ်သား ၁၅၀ နီးပါး ပါဝင်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ များခဲ့ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ စစ်လက်နက်ပစ္စည်းတွေအပြင် မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ အပ်တွေကိုပါ သိမ်းဆည်းမိခဲ့တယ်လို့ ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

‎တိုက်ပွဲအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဝင် ၂ယောက်နဲ့ Acid LDF တပ်ဖွဲ့ဝင် ၁ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်ရေးအရအရေးပါတဲ့ ဗျူဟာလမ်းခေါ် အမှတ် ၃ ခရိုင်ချင်းဆက် လမ်းရှိရာအထိ နယ်မြေစိုးမိုးမှုရနိုင်ဖို့ မင်းကွန်းတိုက်နယ်နဲ့ လမ်းအကြားက မင်းဝံတောင်ရိုးရှိရာဆီ စစ်ကြောင်းထိုးဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။

“သူတို့ ရည်ရွယ်ချက်က မင်းကွန်းကနေ စပြီး ဧရာဝတီ မြစ်ဘေးတစ်လျှောက်ကို နယ်မြေစိုးမိုးမှု ရချင်တာ။ ဧရာဝတီမြစ်ဘေး မင်းကွန်းလမ်းကနေ မင်းဝံတောင်ရိုးနဲ့ ဆက်နေတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို ရချင်လို့ပေါ့။ ဗျူဟာလမ်းလို့လည်း ခေါ်တယ်။ အဲ့လမ်းက သူတို့အတွက် စစ်ရေးအရ အရေးပါတယ်။ အဲ့ဒါကြောင့် ဧရာဝတီမြစ်နဲ့ အဲ့လမ်းကြားရှိတဲ့ မင်းဝံတောင်ရိုးကို စစ်ကြောင်းထိုးနေတာပါ။ ဗျူဟာလမ်းပေါ်က ဆည်တည်းတောရွာကို စစ်ကြောင်းစထိုးတာပါ၊ မရတော့ မင်းကွန်းစခန်းမှာ အင်အားသွားပေါင်းပြီး ၁၁ရက်နေ့ကစလို့ စစ်ကြောင်းပြန်စထိုးတယ်ပေါ့။ အဲ့မှာ ကျနော်တို့တော်လှန်ရေးတပ်တွေ ကင်းရွာကို လက်လွှတ်လိုက်ရတော့ သူတို့တွေရွာကို မီးရှို့တယ်။ အဲ့နောက်တော့ ကျနော်တို့က ချောင်းမကြီးကို စစ်ကြောင်း အကျော်မခံတော့ဘူး။ ၁၈ရက်လောက်ခုခံရင်း ၂၈ရက်နေ့အထိ ပြန်တိုက်တာမှာ မြသိန်းတန်ဘုရားအထိ တပ်ပျက်ပြီး ပြန်ဆုတ်သွားတဲ့အထိပါပဲ” လို့ ရတနာပုံတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ရတနာပုံတပ်ဦးနဲ့အတူ Peacock Soldier Column (ဒေါင်းစစ်သည်)နဲ့ မဟာမိတ်အင်အားစု၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Acid LDF၊ ဇုန် ၅ ပ.က.ဖ၊ People Servant Force (PSF) ၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ်ခွဲ(၁)၊ Generation Z Power(GZP)၊ နယ်မြေခံရပ်ကျေး ပ.က.ဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက အာဏာသိမ်း ၄ နှစ်တာအတွင်း မြို့ပေါင်း ၁၆၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀၀ အထိပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု  ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၆၀ ကျော်မှာ စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀၀၀ ကျော်အထိရှိခဲ့တယ်လို့ Institute for Strategy and Policy- Myanmar ( ISP -Myanmar) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။