ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို PDF တပ်ရင်းမှူး ထောက်ခံစာနဲ့အတူ သယ်ယူလာတဲ့ တော်လှန်ရေးရဲဘော် ၃ ယောက်အပါအဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက်က ယင်းမာပင်ခရိုင် PDF အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားကို Hilux ကား၊ Forland ကားတို့နဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက် (၂) လက်၊ mini starlink (၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃) ယောက်၊ ယာဥ်မောင်း(၁) ယောက်နဲ့ စပယ်ယာ(၁) ယောက်တို့ကို ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နဲ့ ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့ကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ CDF-Hakha က ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကိုတော့ ဇူလိုင်လ(၉)ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေကို ထပ်မံတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ Chinland Defense Force – Hakha က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

သပိတ်ကျင်း ၇ မိုင်ရှိ တတက ၁၃ အကြမ်းဖက်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံး ၉ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၃) ကို ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ရာ ၉လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီည ထုတ်ပြန်ပါတယ်။
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်လံမြို့ပေါ် ရပ်ကွက်တချို့တွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်းပြသရန် စစ်အုပ်စု အလံများလွှင့်တင်ခိုင်းထား

မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်မိသားစုဝင်တွေကို PDF ရဲဘော်တွေက ဟင်းချက်စရာအသီးအနှံတွေ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃ စုကို 'ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ' အစီအစဥ်နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ရတဲ့ ကျဆုံးရဲဘော်ညီနောင်အပေါင်းကို ရည်စူးကာ ဟင်းချက်စရာအသီးအနှံတွေကို မြို့နယ် PDF ၊ ပင်မ ပြန်ကြားရေးဌာနရဲ့ တပ်ခွဲ ရေခဲမြစ်ငယ်နွေက နိုဝင်ဘာလ ၂၄ ရက် ​ဒီနေ့မှာ သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။