မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲကို မီးဝင်ရှို့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က စပြီး စစ်ကြောင်းဝင် မီးရှို့နေခဲ့တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ကို စစ်ကြောင်းနှစ်ခုခွဲရင်း ငါ့သရောက်ရဲစခန်းကနေ ထွက်လာခဲ့တာဖြစ်ပြီး ရွာပုလဲ၊ မောင်ဂွတ်တော နဲ့ တောပြားရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၇ ခုက နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

“ကြွက် မနိုင် ကျည်မီးနဲ့ ရှို့လို့ပြောရမယ်။ အဓိကကတော့ ပြည်သူတွေအနေနဲ့ PDFလက်ခံရင် ရွာမီးရှို့ ခံရမယ် ဆိုတဲ့ အကြောက်တရားသွင်းတာပါ။ PDF နဲ့ မပတ်သက်ချင်အောင်ပေါ့” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုဇီးက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၁ရက် နေ့လယ်နဲ့ညနေဘက်တွေမှာ မောင်ဂွတ်တောနဲ့ ရွာပုလဲရွာကို အကြမ်းဖက်စစ်ကြောင်း ၂ခုက မီးရှို့ဖျက်ဆီးနေချိန် ညောင်ဦးမြို့နယ် ပကဖ နဲ့ မဟာမိတ် တော်လှန်ရေး အဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဟာ မြေနဲကြီးရွာကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း ကိုဇီးက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အထက်ပါ စစ်ကြောင်း ၂ ခု ပါင်းပြီး စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်တွေက တောင်တောရွာနဲ့ ဖလန်ကန်ရွာအကြား စောင့်ကြိုတိုက်ခိုက်ရင်း အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ဖလန်ကန် တိုက်ပွဲမှာ စစ်ကောင်စီဘက်က နေပြည်တော်ရဲ အထူးကွန်မန်ဒိုတွေပါဝင်ခဲ့ပြီး  ထိခိုက်သေဆုံးမှုများခဲ့သလို တော်လှန်ရေးတပ်တွေဘက်ကလည်း ၁၁ ယောက် ကျဆုံးတဲ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ပြောပါတယ်။

တိုက်ပွဲအတွင်း ညောင်ဦးမြို့နယ် ပကဖ တပ်ဖွဲ့ဝင် ၅ ယောက်နဲ့အတူ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင် ၂ ယောက်၊  Popa Production and Guerrilla force (PPGF)  တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် ၁ ယောက်တို့ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဖလန်ကန် တိုက်ပွဲကို ညောင်ဦးမြို့နယ် ပကဖ နဲ့အတူ ညောင်ဦးခရိုင် တပ်ရင်း ၃၊ Popa production and Guerrila Force (PPGF)၊ မြင်းခြံခရိုင် တပ်ရင်း ၃ နဲ့ ညောင်ဦးခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ စစ်ကောင်စီက ညောင်ဦးမြို့နယ်ကို ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေပြီး ချောင်းရှည်၊ ပွဲတန်း၊ ဇီစပြင်၊ ကျောက်ပြင်ကံနဲ့မြောင်ရွာတွေကို ဆက်တိုက် မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည်စီးပွားရေး ကျဆင်းနေလို့ ကျေးရွာတွေကို မိးရှို့ဖျက်စီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ အားစိုက်ဖို့ တိုက်တွန်းပြန်

မြန်မာ့စီးပွားရေးက  ဆိုးဆိုးရွားရွားကျဆင်းနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် တောမီးများ လောင်နေ

မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။