ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက်က ရေမောင်းတန်းနဲ့ နားမုံကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၆၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြမ်း၊ နောင်လင်နဲ့ အုမ္မခါးကျေးရွာတို့မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၉၇)လုံး၊ ဒရုန်းနဲ့ ဗုံး (၃၈)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကျောက်တောနဲ့ ကသဲမျှောင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၇)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမုံကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒိုက်ဦးအကျဥ်းထောင်တွင် အမျိုးသမီးအဆောင် ဦးစီးမှူးမှ နိုင်ကျဥ်းသူကို ဥပဒေမဲ့ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အမျိုးသမီးအကျဥ်းဆောင်ကို အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က နိုင်ငံရေးအကျဥ်းသူတစ်ယောက်ကို မတရားသဖြင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။