ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဓမ္မနဲ့ တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ဒီနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့ပြီးနောက် စာရေးဆရာမောင်သာချိုလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ရွှေညဝါ ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၆၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်ရဲ့ ကျောင်းထိုင်နာယကဆရာတော် ရွှေညဝါဆရာတော်လို့ ထင်ရှားကျော်ကြားတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ ရွှေညဝါကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ရွှေညဝါ ဆရာတော်ကို အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာတော့ အင်းစိန်ထောင် အထူးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှာတော့ ရွှေညဝါဆရာတော်ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွန့် တို့နဲ့အတူ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တာဟာ ပျံလွန်တော်မူချိန်အထိ ဖြစ်ပါတယ်။

ပျံလွန်တော်မူပြီဖြစ်တဲ့ ရွှေညဝါဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကိုတော့ ဒီနေ့ မနက်ပိုင်းမှာ ဆရာတော်သီတင်းသုံးခဲ့ရာ မှော်ဘီမြို့ရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်ဆီ ပြန်လည် ပင့်ဆောင်ခဲ့ပြီဖြစ်ပြီး စျာပနအသေးစိတ်အခြေအနေကို စီစဥ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရွှေညဝါဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ဒီနေ့မနက်ပိုင်းမှာပဲ ထောင်ကနေ တစ်ရက်တည်း အတူ လွတ်မြောက်လာခဲ့တဲ့ စာရေးဆရာ မောင်သာချိုလည်း ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၄ ၏ စခန်းငယ်တစ်ခု စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆိုလာနှင့် မိုးတွင်းရိက္ခာများပျက်စီး

"နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးသလို ကိုးပင်- သာဂရဘက်ကနေလည်း အင်အား ၁၀၀နဲ့ ထိုးပါတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား ၆၀နဲ့ ထိုးတယ်ပေါ့။ အင်အား ၃ကြောင်း ခွဲထိုးတဲ့သဘောပေါ့။" လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။