မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက် မနေ့က မနက်အစောပိုင်းမှာ ထောင်ဒဏ် (၁၉)နှစ် ကျခံနေရတဲ့ အသက် (၅၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဦးမြင့်ဝေဟာ အူအတက်ပေါက်တဲ့ ဝေဒနာနဲ့ အသက်ဆုံးပါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးမြင့်ဝေဟာ ဇူလိုင်လဆန်းကစလို့ ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားရတဲ့အတွက် ဆေးဝါးကုသခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ပုံမှန်ဗိုက်အောင့်တာဖြစ်တယ်လို့သာ ထောင်တွင်းဆေးခန်းက မှတ်ချက်ပေးပြီး ဆေးဝါးကုသမှုမရရှိခဲ့ဘူးလို့ ခိုင်မာတဲ့အချက်အလက်တွေအရ သိရှိရကြောင်း PPNM က ဆိုပါတယ်။

ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာတဲ့အချိန်ရောက်မှသာ ဦးမြင့်ဝေကို ပြင်ပဆေးရုံဆီ ပို့ဆောင်ခဲ့တာဖြစ်ပြီး ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့ရတဲ့အတွက် အခုလို သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။

ဦးမြင့်ဝေကို ၂၀၂၁ ခုနှစ် မေလ (၁၉)ရက်က စစ်ကိုင်းတိုင်း၊ ရွာသစ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက မတရား ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀ (က)နဲ့ ၆၁ စတဲ့ ပုဒ်မ (၃)ခုနဲ့ ချမ်းမြသာစည်တရားရုံးမှာ အမှုဖွင့်တရားစွဲဆိုခဲ့ကာ စုစုပေါင်း ထောင်ဒဏ် (၁၉) နှစ်အထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အကျဉ်းသားတွေရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားရှိဖို့၊ ကျန်းမာရေးအရ စိုးရိမ်ရသူတွေကို ပြင်ပဆေးရုံဆီ အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ တောင်းဆိုနေဆဲ‌ဖြစ်ပေမယ့် အကျဉ်းဦးစီးဌာနက လိုက်ပါလုပ်ဆောင်မှုမရှိတာကြောင့် နှစ်စဥ် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ပျမ်းမျှ (၂၅) ယောက်ဝန်းကျင် အသက်ဆုံးရှုံးနေရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး(၁) ဦးအပါ (၆) ဦး သေဆုံး၊ ငါးဦး အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။