ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ကနေ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု တောင်ခြေကျေးရွာကို ရောက်ရှိ လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကူအညီတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲဲ့တဲ့ ဇူလိုင်လ(၄) ရက်က SSPP/SSA တပ်ဖွဲ့ အရာရှိတွေဟာ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆန်(၆)အိတ် ၊ ဆီ(၁၀) ပိဿာပုံး (၁)ပုံးနဲ့ ဆား၊ ဟင်းချိုမှုန့် ၊ ခေါက်ဆွဲ ၊ ကြက်ဉတို့အပါအဝင် သောက်သုံးရေများအတွက် ငွေကျပ် (၆) သိန်း ကူညီ ထောက်ပံ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက်နဲ့ စစ်ဘေးရှောင်ပြည်သူအားလုံးရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနိုင်ဖို့အတွက် SSPP/SSA ရဲ့ ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့က ကူညီဆောင်ရွက် ပေးသွားမယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်အတွင်း ကျောက်ကြမ်း ၊ ရေမောင်တန်း ၊ အောင်ချမ်းသာ ၊ မျက်ချီးနုနဲ့ နောင်လင် ကျေးရွာ တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့်  ဆက်လက်တိုက်ပွဲဖြစ်ပွားနေရာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ အချို့ ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်အဆောက်အဉီးတွေ ပျက်စီးပြီး တိုက်ပွဲအနီးနေထိုင်တဲ့ ဒေသခံပြည်သူအများစုက ဘေးလွတ်ရာဖြစ်တဲ့ နောင်ချိုမြို့နယ်က နေရာအချို့နဲ့ ကျောက်မဲမြို့နယ်ဘက် ထွက်ပြေးခိုလှုံနေရတာဖြစ်တယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

ဆီးမီးခုံမြို့မှာ စျေးထွက်ဝယ်တဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆီးမီးခုံမြို့ထဲ စျေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်သား ၄ ဦး သေ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။