ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၈ ရက် မနက်ပိုင်းက အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို သယ်ဆောင်ပြီး စစ်ကြောင်းတစ်ခုလုံး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုအတွင်း ကလေးစစ်သား ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ယနေ့နံနက်ပိုင်း တံတားဦီးမြို့မှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။