၁၆ ပေါင်ခန့်လေးတဲ့ စနိုက်ပါထမ်းပြီး ယောက်ျားလေးတွေနဲ့ တန်းတူတိုက်ပွဲဝင်နေတဲ့ ရဲဘော် မိကောက်ရဲ့ လူငယ်ဘဝကို စွန့်ပြီး တောထဲ ဖြတ်သန်းနေရတဲ့ ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ မှာ မှတ်တမ်းရုပ်သံအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

‌‌‌‌စနိုက်ပါသေနတ်ထမ်းပြီး ယောက်ျားများတန်းတူ လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ သူရဲ့ အခက်အခဲတွေ၊ တော်လှန်ရေး ၄ နှစ်ကျော်လာတာတဲ့အမျှ သူရဲ့ ဘဝတက်လမ်းအတွက် ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေ၊ သူမျှော်လင့်ထားတဲ့ အနာဂတ်ပုံစံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

Video – အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော် မုန်တိုင်း စျာပန (ရုပ်/သံ)

ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၇) တပ်သား- နေလင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''လက်နက်မကိုင်ချင်ဘူး။ ဒီအလုပ်ကို မနှစ်သက်ဘူး။ သူတို့ (စစ်ကောင်စီ)ကိုလည်း နှစ်သက်မရှိဘူး။ အဲဒါကြောင့်မလို အလင်းဝင်လာတာပါ။ အမေတို့ကို ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပေးတယ်။ ကျွန်တော်လည်း ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲ ရောက်နေပြီ။ အသက်အန္တရာယ်လည်း ကင်းတယ်''
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများဖြစ်သည့် ခရိုင်ရဲမှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး နှင့် ဒု-ရဲမှူးတို့၏ ပြောကြားချက် (ရုပ်/သံ)

“၆ ရက် ၁ လ ၂၀၂၅ ရက်နေ့မှာ ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ ကျောင်းဆောင်ကို ည ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရပါတယ်။ ကျနော်တို့ဆီက အရာရှိရဲအုပ် ၁ ယောက်၊ ဒုရဲအုပ် ၃ ယောက်၊ အခြားအဆင့် ၃ ယောက် မှီခိုသူအမျိုးသမီး ၁ ယောက် ၈ ယောက် ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ကတော့ အဲလိုလာတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း ရဲဝန်ထမ်းကနေ အဖမ်းခံထားရတာဆိုတော့ အဲလိုတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ် – တတ/၁၁၁၅၁၅ တပ်သား- ချစ်မင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''မိုင်းယောင်မှာ နေတုန်းက ဆေးရောင်းတုန်း ဖမ်းခံထိတာ။ ဆေးက သွားယူတော့ မိုင်းယုမြို့က အပြန်မှာ အဖမ်းခံရတာ။ ခလရ ၃၃၄ က ဖမ်းဆီးတော့ ဗဟိုကင်းအချုပ်ထဲမှာ ထားတယ်။ တစ်ပတ်နေတော့ စစ်တပ်ထဲဝင်မလား၊ ထောင်ကျခံမလားမေးတယ်။ စစ်ထဲဝင်မယ်လို့ပြောတော့ ဗဟိုကင်းအချုပ်ထဲမှာ အကျယ်ချုပ်ပုံစံ ထားထားတယ်။ စစ်သင်တန်းဆင်းတော့ အာဏာသိမ်းပြီးပြီ။ အဲဒီနောက် မူဝါဒက ပိုပိုပြီးဆိုးလာတယ်''