စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ နဂါးပတ်တောင်စခန်းကုန်း သိမ်းပိုက်ခံရမှု၊ စစ်ကြောင်းပျက်သည်အထိ ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့မှု၊ အကြိမ်ကြိမ် မှိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့မှု၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့လည်း အကြိမ်ကြိမ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား အမြောက်အများ သေဆုံးပြီး အထိနာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ခဏခဏ ဖြစ်တာပါ။ လက်ရှိတော့ စစ်ကောင်စီတပ်တွေက ရဲစခန်းရယ်… မြသိန်းတန်ရယ်… ကင်းရွာထဲရယ်… သုံးနေရာခွဲထိုင်ထားပါတယ်။ အင်အား အတိအကျကတော့ မသိရသေးပါဘူး။ ရေကြောင်းကနေ အင်အားဖြည့်တင်းထားတာ ဘာညာတော့ ရှိပါတယ်” လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့သလို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ဝင် ရဲဘော်နှစ်ယောက်နဲ့ Acid Ldf တပ်ဖွဲ့ဝင် ရဲဘော်တစ်ယောက်လည်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေထံကနေ လက်နက်ငယ်နဲ့ ခဲယမ်း အမြောက်အမြားကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းနိုင်ခဲ့သလို စစ်သုံ့ပန်း ၅ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေကတော့ မင်းကွန်းတောင်ရွာ တစ်ရွာလုံးနီးပါနဲ့ ကင်းရွာ၊ ချောင်းမကြီးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လအတွင်း တိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပျူရွာကို လေယာဥ်နဲ့ချပေးတဲ့ ရိက္ခာတချို့ တော်လှန်ရေးရဲဘော်တွေရရှိပြီး ရိက္ခာထုပ်ထဲက ဆန်တွေ လုံးဝစားလို့မရအောင် ပိုးထိုးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့က ရရှိခဲ့ကြောင်း သိရပါတယ်။
Read More

နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို PIO/PIA ဖမ်းဆီးရမိ

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေထည်နဲ့ငွေသားများ ယူဆောင်ကာ မောင်တော နခခ (၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။