စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို စောင့်ကြိုတိုက်ခိုက်ရာ သင်္ဘော ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၈ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကိုင်းဆင်ဖြူတံတားကနေ ညအိပ်ပြီး မြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့သင်္ဘောတွေကို ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်မှာ တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁စီး စက်အတွင်း မီးလောင်ပျက်စီးသွားခဲ့သလို ကျန် ၁ စီးဟာလည်း သွားလို့မရတော့တာကြောင့် ကမ်းနားရပ်တန့်ထားရကြောင်း Monywa inventor အဖွဲ့ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ပြောပါတယ်။

“မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတာ ဆင်ဖြူရှင်တံတားမှာ ညအိပ်တယ်။ အဲ့ကနေမှ အထက်ကိုဆက်တက်လာတာပါ။ ပျူရွာတွေကို ရိက္ခာပို့တယ်။ ကြေးပြားတွေသယ်တယ်ပေါ့။ စုစုပေါင်းထွက်လာတာ ၃၃ စီးပါ။ ကျနော်တို့ရှေ့ပွိုင့်က စောင့်ပစ်တဲ့နေရာမှာ ၂စင်းပဲ ပစ်ရတယ်ပေါ့။ ပထမက လက်နက်ကြီးပဲ ပစ်ဖို့ဆိုပေမယ့် အခြေအနေအရ လက်နက်ငယ်တွေနဲ့ပါ ထပ်ပစ်ခဲ့ရပါတယ်။ သူတို့ဘက်ကလည်း အထိနာပီး လက်နတ်ကြီးတွေနဲ့ ရမ်းသမ်းပစ်ပါတယ်။ ကျနော်တို့ပစ်လိုက်လို့ သင်္ဘော ၁ စီးက စက်အတွင်းပိုင်း မီးလောင်သွားတယ်။ ကျန် ၁ စီးကျ ပျက်သွားလို့ အခုချိန်ထိ ရပ်ထားပါတယ်။ အဲ့၁စီးက ရွာတစ်ရွာရဲ့ ကမ်းနားရပ်ထားရလို့ ပြည်သူတွေ ရွာထဲမနေရဲကြဘူး” လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် Monywa inventorနဲ့အတူ ချင်းတွင်းဒိုင်းနမိုက်၊ Solo Aung Gyi၊ Salingyi၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ Salingyi၊ 5/ကွန်မန်ဒိုဖို့ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) ၊ Goeldden Eagle မုံရွာခရိုင်နဲ့ တိုက်နယ် B4 အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီသင်္ဘောကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ Monywa inventor)

0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။