စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။

ဒါအပြင် စစ်ကောင်စီရဲ့ တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနဲ့ ရာဇဝတ်မှုများကို NUCC အပြင်းထန်ဆုံး ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲ

သုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့်ရာဇဝတ်ဂိုဏ်းတစ်ခုသာဖြစ်သည့်အ

လျောက်ပြည်သူများအပေါ် မည်သည့်တရားစီရင်ခွင့်မျှ မရှိပေ”ဟု NUCC က ဆိုပါတယ်။

နိုင်ငံတကာမှာပင် ကျင့်သုံးမှု မရှိသလောက်နည်းပါးနေတဲ့ သေဒဏ်ကဲ့သို့ ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ဖို့ အခွင့်အာဏာလည်း စစ်ကောင်စီမှာလုံးဝ မရှိတဲ့အပြင် အခုလို လုပ်ဆောင်နေမှုဟာရာဇဝတ်မှုများ ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းသာ ဖြစ်ကြောင်း NUCC က သတိပေးပြောဆိုပါတယ်။

စစ်ကောင်စီကအခုရက်ပိုင်းအတွင်း သေဒဏ်ကျအကျဉ်းသားတွေကို စီရင်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ တရား၀င်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

နိုင်ငံတကာအဖွဲ့အစည်းအချို့ကလည်း စစ်ကောင်စီရဲ့ ထောင်တွင်းသေဒဏ်စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချထားပါတယ်။ 

0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲ NUG ကိုယ်စားလှယ်တက်ရောက်

ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့အပြီး  မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး” လွှတ်တော်တွင် တိုက်တွန်းမည်ဟု ထိုင်းအမတ် ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းဆန္ဒပြပွဲများကို ရှောင်ရှားကာ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြရန် NUG မေတ္တာရပ်ခံ

“မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။