တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာသူတွေကတော့ တပ်သား စိုင်းဝဏ္ဏနဲ့ တပ်သား ဘုန်းမြင့်အောင် တို့ဖြစ်ပြီး MA-1 (၁) လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၇၅)တောင့်၊ အီနာဂါ(၁)လုံး၊ လက်ပစ်ဗုံး(၂)လုံး တို့ကို ယူဆောင်လာကာ တနင်္သာရီတိုင်းစစ်ဌာနရဲ့ ကွပ်ကဲရေးမှူးနဲ့ ရှေ့တန်းရုံးအဖွဲ့က နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို တနင်္သာရီတိုင်းစစ်ဌာနက ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား(၂) ယောက်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၈) ကို တက်ရောက်ခဲ့ရပြီး ခလရ(၄၃၁) ကတစ်ဆင့် တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာမှာ တာဝန်ပေးစေလွှတ်ခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ရှိ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူလူထုဖက် ရပ်တည်ချင်ရင် တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းလိုပြီး တနင်္သာရီတိုင်းစစ်ဌာနရှိ တပ်ရင်းတပ်ဖွဲ့တွေဆီ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာရင် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းလှည့်စစ်ကားနှင့် အထိုင်စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ အထိုင်စခန်းနဲ့ ကင်းလှည့်စစ်ကားတို့ကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း၊ တပ်ခွဲ-၃၊ ဗိုလ်မထားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်ဟု NUGဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုကြောင့် သာယာဝတီထောင်မှ နိုင်ငံရေးအကျဥ်းသား ဦးကျော်စိုး(ခ) ဦး​ဇော်နှစ် ကျဆုံး၊ ၅ လအတွင်း နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၁၀ ဦးအထိ ကျဆုံး

သာယာဝတီအကျဥ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားဦးကျော်စိုး(ခ) ဦးဇော်နှစ် ကျဆုံးခဲ့မှုနဲ့အတူ အကျဥ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်မှုကြောင့် ၅ လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၀ ယောက်အထိ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။