ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် (၇) ရက် နားမိုင်နဲ့ ရေမောင်းတန်းကျေးရွာဘက် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၈၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၁၀) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကြမ်းနဲ့ ကျောက်တောကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး(၂၄) လုံး၊ လက်နက်ကြီး (၂၁) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နောင်လင်၊ နန်းကျီးကုန်းကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၁၉) လုံး၊ ဒရုန်းနဲ့ ဗုံး (၈) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် (၆)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၃၄) လုံး၊ လက်နက်ကြီး (၉၈) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၆) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

မိုးကုတ်မြို့မှ TNLA ဆုတ်ခွာပေးရသည့်တိုင် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု မိုးကုတ်ဗျူဟာ အသိပေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။