ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force – Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

(၄) လကျော်ကြာမြင့်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) ရဲ့ သင်တန်းဆင်းပွဲမှာတော့ သင်တန်းဆင်း ရဲဘော်ရဲမေတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် လူငယ်မောင်မယ်တွေအားလုံး အမျိုးသားရေးတာဝန်တွေကို မရှောင်လွှဲဖို့နဲ့ Chin Defense Force – Kanpelet တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) မှာလည်း အမျိုးသား‌ရေးတာဝန်သိစိတ်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး‌မြောက်နိုင်ရေးအတွက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်‌တော် (ULA/AA) နဲ့ ပြည်တွင်းပြည်ပက Chin Defence Force – Kanpetlet ရဲ့ ထောက်ပို့ပြည်သူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်‌ကြေညာထားပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့ကို ထိန်းချုပ်စိုးမိုးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ဆုတ်ခွာထားသည့် မော်လိုက်ကလေးရွာကို ကလေး (ဒု) ဒကစမှူးအမိန့်ဖြင့် စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေး (ဒု)ဒကစမှူး အမိန့်နဲ့ အကြမ်းဖက်ခြေမြန်တပ်ရင်းတွေက မော်လိုက်ကလေးကျေးရွာအတွင်း မွှေနှောက်ခိုးယူကာ စစ်ရှောင်နေအိမ်တွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက မော်လိုက်လေးကျေးရွာထဲ ဝင်ရောက် မွှေနှောက်ရှာဖွေရင်း အရပ်သားပိုင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ခိုးယူသယ်ဆောင်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ခြင်း၊ အင်္ကျီအပြာ ဝတ်ဆင်ခြင်းကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချဖို့ စစ်တပ်လော်ဘီများ လှုံ့ဆော်နေ

အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ