မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ ရက် ညနေပိုင်းက ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ် ၂ လုံး၊ ညပိုင်း အချိန်မှာ ရော့ကတ် ၃ လုံး၊ စုစုပေါင်း ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရော့ကတ်တွေဟာ ပျူစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-တပ်ရင်း(၁)ပကဖ၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ခရိုင်ပကဖ-တပ်ခွဲ(၅) ဧရာဒေါင်း၊ နယ်မြေ(၁) ကာကွယ်ရေးတပ်ဖွဲ့ PLO Young Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – COBRA ONE

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ် မီးရှို့၊ နေအိမ် ၇၅ လုံး မီးလောင် ပျက်စီးပြီး အဘွားအို ၁ ဦး မီးလောင် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက် ခဲ့တာကြောင့် အိမ် ၇၅ လုံး မီးလောင်ပျက်စီးပြီး အသက် (၇၀)အရွယ် အဘွားအို  တစ်ယောက် မီးလောင် သေဆုံး ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ 
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ ကျန်ရစ်ကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ မိုင်းထိပြီး ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် သားတွေ မိုင်းထိပြီး ၃ ယောက်သေခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။