မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ မင်းပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလ ၂၁ ရက်မှာ ဗုံးသီး ၉လုံးနဲ့ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံး စုစုပေါင်း ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဒရုန်းစစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်၉ တပ်ရင်း နဲ့အတူ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားလီးကွေ့စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးသေပြီး ဆေးတပ်ဗိုလ်ကြီးအပါ ၁၆ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဟားလီးကွေ့ စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက် သေဆုံးပြီး ၁၆ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များကို ရာထူးတာဝန်အပ်နှင်းခြင်းနှင့် သင်တန်းဆင်းရဲ‌ဘော်သစ်များကို လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်

ဒီနေ့ ဩဂုတ်လ (၈) ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး MSRF ရဲဘော်တွေကို ရာထူးတာဝန်တွေ အပ်နှင်းကာ သင်တန်းဆင်း ရဲ‌ဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဘားအံတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း လူ ၄၀၀၀ ခန့် ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများစွာ ဆန္ဒပြခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဖော်ပြထားပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။