မကွေးတိုင်း ၊ ပေါက်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၁၉) ၊ တပ်ခွဲ(၂) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော် YZ (ခ) နေတိုးအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်အုပ်စုက လေယာဥ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် ထိမှန်ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

” စစ်ကောင်စီဘက်က Y 12 နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျသွားတာပါဗျ၊ သူက သူ့တပ်ခွဲမှာဆို အားအကိုးရဆုံး ရဲဘော်တစ်ယောက်ပါ၊ ဘယ်တိုက်ပွဲဘယ်နေရာလို့ ပြောပိုင်ခွင့်မရှိလို့ပါဗျ ” လို့  ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။

ကျဆုံးသွားတဲ့ ရဲဘော် YZ (ခ) နေတိုးအောင် ရဲ့ ရုပ်အလောင်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မရ, ရအောင်တိုက်ယူပြီး ပြန်လည်သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် YZ (ခ) နေတိုးအောင်ရဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၅ ရက် မနေ့က သူတာဝန်ထမ်းဆောင်ရာနေရာမှ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေက သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။