စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မူးရူးရန်ဖြစ်ပြီးအချင်းချင်း ပစ်သတ်ကြတဲ့ စစ်ကောင်စီတပ်သားတွေဆီကနေ သေနတ် ၂ လက်နဲ့ ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Phoenix-Sagaing တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းကနေ စစ်ကိုင်း – ရွှေဘို လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သားတွေရဲ့ ကျေးရွာတွေထဲ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် ကွဲကျန်နေခဲ့ကာ သောက်စားမူးယစ်ရာက အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် တစ်ယောက်ကိုယ်တစ်ယောက် သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ရာကတစ်ဆင့် တစ်ယောက်သေကာ တစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ထိခိုက်ဒဏ်ရာသူဟာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာနေရာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းရာမှာတော့ စစ်ကောင်စီတပ်သားတွေ ကျန်နေခဲ့တဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့​တယ်လို့ Phoenix Sagaing PDF တာဝန်ရှိသူက ပြောပါတယ်။

“အဲနေ့က စစ်ခွေးနှစ်ကောင် မူးရူးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်နေကျတယ်လို့ သတင်းရတယ်။ သူတို့က စစ်ကြောင်းကနေကွဲလာတာပါ။ ဘာလို့လဲတော့မသိဘူး။ ကျနော်တို့ကသတင်းရလို့ နယ်မြေရှင်းလင်းရေးသွားလုပ်တာ။ ဟိုရောက်တော့ သေတဲ့ကောင်က ပက်လက်၊ မသေပဲ ဒဏ်ရာတွေနဲ့ကျန်တဲ့ကောင်က သေနတ်တွေထားပြီး ​စစ်ကြောင်းဆီပြေးသွားပါတယ်။အဲ့တာနဲ့ လက်နက်တွေယူပြီး အထိခိုက်မရှိဆုတ်ခဲ့လိုက်တာပါ” လို့ Phoenix-Sagaing တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဆီက MA 1 အမျိုးအစား သေနတ်(၂)လက်နဲ့အတူ ကျည်ဘောက် (၅)ခု၊ ၅.၅၆ ကျည် (၃၈)တောင့်နဲ့ MG 1 အမျိုးအစား လက်ပစ်ဗုံး ၁ လုံးတို့ကို တော်လှန်ရေးအဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရတယ်။

လက်ရှိအခြေအနေအရ စစ်ကိုင်း-ရွှေဘို လမ်းကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာတွေထဲ ဝင်ရောက် တပ်စွဲနေတာကြောင့် Phoenix Sagaing နဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Phoenix-Sagaing က သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ခဲယမ်းများ
Phoenix-Sagaing က သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ခဲယမ်းများ
0 Shares:
You May Also Like
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

မတူပီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများကို CDF မတူပီကဖောက်လုပ်နေ (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ-၁) CDF-MATUPI (Brigade-1)အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမများ၊ရွာချင်းဆက်လမ်းများကို အကောင်ထည်ဖော်ဖောက်လုပ်/ပြုပြင် လျှက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
Read More

ရတနာပုံတပ်ဦးနှင့် ၉/တွဲလက်များ ထောက်ပို့အင်အားစုတို့ ပူးပေါင်းပြီး စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခဲ့ (ဓာတ်ပုံသတင်း)

ရတနာပုံတပ်ဦးနဲ့ ၉/တွဲလက်များ ထောက်ပို့အင်အားစု တို့ ပူးပေါင်းပြီး အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေကို နယ်မြေခံတိုက်နယ်ဆေးအဖွဲ့ရဲ့ ကူညီအားဖြည့်ပေးမှုနဲ့အတူ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။