ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာထဲက စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ၁ယောက်ကတော့ စိုးရိမ်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က နေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ကြို့ပင်ကောက်မြို့နယ် ညောင်ပင်အိုင်ကျေးရွာအတွင်းက စာသင်ကျောင်းအနီးကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းအနီးမှာရှိနေတဲ့ ကလေး ၂ယောက် ထိခိုက်သွားပြီး ၁ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

“သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ ၄-၅ ခါလောက်ရှိနေပြီ။ ဒီတစ်ခေါက်မှာမှ လူထိခိုက်သွားတာပေါ့နော်။ ထိသွားတဲ့ ကလေးတွေက ၁၆-၁၇ ဝန်းကျင်အရွယ်တွေပါ။ မိန်းကလေး ၁ဦးကတော့ တော်တော်စိုးရိမ်ရတယ်။ နောက် ၁ဦးကတော့ လက်ထိသွားတယ် ဒါပေမယ့် မစိုးရိမ်ရပါဘူး” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ရဲဘော်ကိုမိုးသီးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၃လုံးဖြစ်ပြီး ၂လုံးကတော့ ရွာအပြင်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အထိခိုက်မရှိခဲ့တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိမှာ လက်နက်ကြီး ဒဏ်ရာ စိုးရိမ်ရသူကို ပြည်ဆေးရုံမှာ တင်ထားရတယ်လို့ ကနဦး သိရပါတယ်။
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။