တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်အတွင်းက မြို့နယ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို သက်ဆိုင်ရာ စစ်ကောင်စီအာဏာပိုင်တွေက လာဘ်ယူခွင့်ပြုထားတာကြောင့် ဆိုးဆိုးဝါးဝါး ဖြန့်ချိရောင်းချနေပြီး လူငယ်တွေ လက်လှမ်းမှီ သုံးစွဲမှုများပြားလာကြောင်း ဒေသခံတွေက မောင်းကိုပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ ကော့သောင်းခရိုင်အတွင်းက မြို့နယ်တွေ၊ ကျေးရွာတွေမှာ မူးယစ်ဆေးအမျိုးအစားတွေကို အရင်ကထက် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်တဲ့ အခြေအနေဖြစ်လာပြီး ဒေသခံ ရဲနဲ့ စစ်တပ်အာဏာပိုင်တွေက ရောင်းဝယ်ဖောက်ကားသူတွေကို ပေါ်ပေါ်ထင်ထင် ကျောထောက်နောက်ခံ ပေးထားကြောင်း သိရပါတယ်။

“ကျနော်တို့ လှုပ်ရှားနယ်မြေတွေထဲ ရောင်းဝယ်သူတွေရှိတယ်။ သူတို့တွေမှာ နယ်မြေခံ စရဖ၊ ရဲတွေ နောက်ခံရှိတယ်။ အချင်းချင်း ချိတ်ဆက်လုပ်ကိုင်ကြတာပေါ့။ မချိတ်ဆက်ရင်တောင် သိကြတယ်။ လိုင်းကြေးရနေတာကိုး။ ကြိုက်သလိုလုပ်ဆိုတဲ့ အနေထားမျိုး၊ သိသာသိစေ မမြင်စေနဲ့ ဆိုတာထက် မြင်ရင်တောင် မျက်စိမှိတ်ထားတယ်။ ဘယ်လောက်ဆိုးလဲဆို တချို့ရောင်းတဲ့သူတွေဆို သူတို့အိမ်မှာပါ ပေးသုံးတော့ ရွာတွေထဲ အနံ့တထောင်းထောင်းထတဲ့အထိပါပဲ။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တော့ဘူး။ သူတို့ပိုင်တယ်ဆိုတဲ့ သဘောပေါ့။ ရွာထဲက အရပ်သားတွေကလည်း ဘယ်ပြောရဲမလဲ။ သွားတိုင်ရင်တောင် မင်းတို့နဲ့ ဘာဆိုင်လဲဆိုပြီး မေးခံရတာမျိုးတွေအထိ ရှိနေပါတယ်။” လို့ ကော့သောင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် WY ဆေးပြား ခေါ် မြင်းဆေးတွေကို အခြေခံလူတန်းစားတွေနဲ့ ကျောင်းသားလူငယ်တွေ လက်လှမ်းမှီ ဝယ်ယူလို့နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ရောင်းချသူတွေက စျေးကွက်ထဲ ဖြန့်ဖြူးပေးထားကြတယ်လို့လည်း သိရပါတယ်။

“ဒီဘက်မှာ သုံးကြတာကတော့ အစုံပဲ။ WYသုံးတယ်။ ရေခဲသုံးတယ်။ အာစီယံ လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်သောက်တယ်။ နောက်ပြီး တချို့ဆို ကော်တွေပါ ရှုလာကြတယ်။ ပိုက်ဆက်တဲ့ကော်တို့ ဘီးဖာတဲ့ကော်တွေကို ရှုကြတာပေါ့။ ကြွပ်ကြွပ်အိပ်ထဲထည့်ပြီး ရှုရတယ်ပြောတယ်။ စျေးလည်းသက်သာတယ်လေ။ ပြောရရင် ဒီဘက်မှာ မူးယစ်ဆေးတိုင်းက လူတိုင်းနီးပါးနဲ့ အကုန်လက်လှမ်းမှီနေတယ်။ ဘာလို့ဆို လူတိုင်းနီးပါး ရောင်းဝယ်ဖောက်ကားနေကြလို့ပါပဲ။ စျေးတွေကလည်း ပေါချင်းလောချင်း ဖြစ်လာတယ်။ အရင်က WY တစ်ပြားကို ဘတ်၁ရာ ၂ရာလောက်အထိ စျေးပေါက်တာကနေ အခုဆို ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ ဒီတော့ လူငယ်တွေ သာမန်လက်လုပ်လက်စား၊ ကျောင်းသားကအစ ဝယ်ဖို့လွယ်လာတယ်။ တချို့လက်လုပ်လက်စားတွေဆို တစ်နေ့ရတဲ့ငွေကို ဆေးဝယ်ဖို့သုံးလို့ မိသားစုနဲ့ ပြဿနာဖြစ်ကြတာတွေ ရှိလာတယ်။ ” လို့ ကော့သောင်းဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေထဲ အသက် ၁၅နှစ်ကစလို့ ၄၀ ကျော် သက်ကြီးပိုင်းတွေအထိ ကျားမ မရွေးပါဝင်နေပြီး အရပ်သား လက်လုပ်လက်စားတွေနဲ့ ကျောင်းနေအရွယ် လူငယ်တွေ သုံးစွဲနှုန်းပိုများလာတယ်လို့လည်း သိရပါတယ်။

“ဒီမှာက လူတိုင်းနီးပါးသုံးလို့လွယ်အောင် ရောင်းတဲ့သူတွေပေါလာတယ်။ ကျနော်သိရသလောက်ဆို ရဲတို့ဘာတို့ကိုယ်တိုင်က ရောင်းခိုင်းတာမျိုးတွေတောင် ရှိတယ်။ နောက်ပြီး ဒီကောင်တွေဖမ်းတယ်ဆိုလည်း သာမန် အနည်းကျဥ်းသုံးတဲ့လူလောက်ကိုပဲ အဖမ်းပြတာပါ။ တကယ်လုပ်နေတဲ့ ဒိုင်ကြီးတွေကျ မမြင်ချင်ယောင်ဆောင်ပြီး ပေါင်းစားနေကြတာ။ ပြောရမယ်ဆို ကျနော်တို့ ဒေသက နယ်စပ်လည်းဖြစ် ကမ်းရိုးတန်းဒေသလည်းဖြစ်တော့ မူးယစ်ဆေးက အရင်ကတည်းက လွယ်လွယ်ကူကူရတာ အမှန်ပါ။ ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော့ ပိုဆိုးလာတယ်။ အရင်ထက်ပိုပြီး လူတွေနဲ့ လက်လှမ်းမှီလာတာ အမှန်ပါပဲ။ “လို့ ကော့သောင်းဒေသခံ တစ်ယောက်က မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂ရက်နေ့ မနက်ပိုင်းကလည်း ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အေးချမ်းသာကျေးရွာမှာနေထိုင်တဲ့ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူ စစ်ကောင်စီသတင်းပေး ချောကလက် (ခ) မြင့်ရှိန်ကို ကော့သောင်းပကဖတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲအထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ကော့သောင်း ပကဖ ကတော့ ချောကလက် (ခ) မြင့်ရှိန် ကိုရှင်းလင်းရတာဟာ မူးယစ်ဆေးရောင်းဝယ်တာထက် အကြမ်းဖက် စစ်ကောင်စီတပ်ထံ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကို ပေါ်ပေါ်ထင်ထင်ပေးနေပြီး ပကဖရဲ့ သတိပေးချက်တွေကို မလိုက်နာတဲ့အတွက်ကြောင့် အခုလိုရှင်းလင်းခဲ့ရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုလိုမျိုး မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်တက်လာတဲ့အပေါ် ရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေကိုလည်း ဖမ်းဆီးအရေးယူသွားမယ်လို့ ကော့သောင်းပကဖ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အင်တာနက်
0 Shares:
You May Also Like
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂွမြို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ…

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

တောင်ရင်းရွာဘက် စစ်ကြောင်းထိုးရင်း အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ကာ ထပ်မံစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။