တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) – LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းက လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတော့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) – LPF ၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ (FPF)၊ ထားဝယ်လွတ်မြောက်ရေးတပ်တော်(DNLA)၊ ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဦး DDPDFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ဦးနှင့် ပြည်သူ (၁) ဦးသေဆုံး၊ (၁) ဦး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေပြည်သာမြို့နယ်က အကြမ်းဖက် ရဲမှူး မိုးညိုရဲ့နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်မှာ PDF တွေ စစ်သတင်းလွှာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ ပြုလုပ်ခဲ့…

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက အပတ်စဥ်ထုတ် စစ်သတင်းလွှာတွေ ဖြန့်ဝေတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။