ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက် မနေ့က ည ၁၀ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ဗုံးတွေ လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ဖြစ်စဥ်အသေးစိတ်အချက်အလက်တွေကို ဆက်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ TNLA က ဆိုထားပါတယ်။

ပုံစာ – စစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖ ရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နတ်တလင်းက ပျူစောထီးကို ဖမ်းဆီး စစ်ဆေးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျုရွာက စစ်တပ်သတင်းပေးဖြစ်သူ ပျူစောထီး ချစ်ပိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးစဉ်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ၉ လအတွင်း ၁၂ ယောက် သေဆုံးခဲ့

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးသူ ၁၂ယောက်ရှိခဲ့ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်ထားပါတယ်။