မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အိုးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုကွီး(ခ) ခင်မောင်လတ်ကို သွားရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် လှကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းသဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဘိုကွီး(ခ) ခင်မောင်လတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရှင်းလင်းမှုအတွင်း နေအိမ်ထဲ နယ်မြေရှင်းလင်းရေးဝင်လုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ က ရဲဘော် လှကြီး(ခ) ထွန်းထွန်းနိုင်ကို ပျူစောထီးခေါင်းဆောင်ရဲ့ ညီဖြစ်သူက ဓားနဲ့ထိုးပြီးထွက်ပြေးသွားခဲ့ကြောင်း၊ အဲ့ဒီဒဏ်ရာနဲ့ပဲ ရဲဘော် လှကြီး(ခ) ထွန်းထွန်းနိုင် ကျဆုံးခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ ရဲ့တာဝန်ရှိသူက ပြောပါတယ်။

” ဘိုကွီးအိမ်က အိုးပေါက်ဘူတာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ။ ရွာလယ်ပေါ့။ ဘိုကွီးကိုရှင်းလင်းပြီး ကျနော်တို့တွေ ရွာထဲ ပျူမထားဘူးလို့ကြွေးကြော်နေတဲ့အချိန် သူက အိမ်ထဲဝင်ပြီးရှင်းလင်းရေးလုပ်တယ်။ အဲ့မှာပုန်းနေတဲ့ ဘိုကွီးရဲ့ညီက ပြေးမလွတ်တော့ တံခါးကြားထဲကနေ ထွက်လာပြီး ဓားနဲ့ထိုးပြေးပြီး နောက်ဖေးပေါက်ကနေ ပြေးသွားတာပါ။ “လို့ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
သူကပဲဆက်လက်ပြီး “သူက ကျနော်တို့တပ်ရဲ့ အပတ်စဥ်(၁) ကပါ။ အားကိုးရတဲ့ မိုင်းသမား ၁ယောက်ဆိုလည်း မမှားဘူး။ ကျ​နော်တို့ စိတ်​မကောင်းဖြစ်ရတယ်။ သူအတွက် နှစ်ဆပိုကြိုးစားမှာပါ”လို့ ပြောပါတယ်။

ဇွန်လ ၃၀ရက်နေ့မှာ ရဲဘော် လှကြီး(ခ) ထွန်းထွန်းနိုင်ကို အဖွဲ့တာဝန်ရှိသူတွေက ဂူသွင်းသဂြိုဟ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရဲဘော်လှကြီး(ခ) ထွန်းထွန်းနိုင် ကျဆုံးမှုအတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေအရ ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တဲ့ အိုးပေါက်ကျေးရွာမှာ လက်နက်ကိုင်ပျူစောထီးတွေ ထွက်ပြေးကုန်ကြပြီဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော်လှ​ကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းစျာပနပြုလုပ်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ)

0 Shares:
You May Also Like
Read More

ကနီမြို့မှာ တပ်ချိန်းရန် ရဟတ်ယာဉ်ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဒရုန်း ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရဟတ်ယာဥ်နဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ရဟတ်ယာဥ် ဆင်းသက်ချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် ၄၅ ၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သား၁၂ယောက် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။