မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁ ရက် မနက်ပိုင်းက ငါန်းဇွန်မြို့နယ် ရွာသာနဲ့ သီးကုန်း-တောတောင်ကုန်းရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ ထောင်ထားမိုင်းကို သတင်းပေးဒလန်နဲ့ မိုင်းလာရှင်းတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး တက်လာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်း နဲ့ TGYR YouthGuerrillaCounter Revoloution-Ngazun ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သား ၂၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်အထိ ၄ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

“ကမ္ဘာ့ကလေးများနေ့ ” အထိမ်းအမှတ်အခမ်းအနားမှ ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်အမှာစကား (ရုပ်/သံ)

"ကမ္ဘာ့ကလေးများနေ့ " အထိမ်းအမှတ်အခမ်းအနား မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းပြောကြားတဲ့ အဖွင့်အမှာစကား ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လာပါတယ်။
Read More

ကုက္ကိုစုနှင့် အုပ်ကျင်းရွာကို စစ်ကောင်စီတပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေ(ဗျူဟာ ၄၂)နဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံနေတဲ့ ရုပ်သံမြင်ကွင်းကို ဗိုလ်စွမ်း(ဓါးမဆိုင်း)မှ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း၏ စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။