ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ဟာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဒေသတွင်းအဆင့် နယ်စပ်ကော်မတီ (RBC) အစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂-၄ ရက်မှာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချင်းမိုင်မှာ ပြုလုပ်တဲ့ အဆိုပါ (၃၇) ကြိမ်မြောက် အစည်းအဝေးမှာ ထိုင်းအာဏာပိုင်တွေဘက်က တင်ပြခဲ့တဲ့ ကော့မြစ်နဲ့ စိုင်မြစ်အတွင်း ရေထုညစ်ညမ်းစေတဲ့ “ဝ” ထိန်းချုပ်ရာဒေသထဲက သတ္တုတူးဖော်မှုတွေနဲ့ ကျားဖြန့်နှိမ်နင်းရေး ကိစ္စရပ်တွေအပါအဝင် နယ်စပ်ဖြတ်ကျော် ပူးးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နယ်စပ်အနီးက စည်းကမ်းမဲ့ ရွှေတူးဖော်ရေးတွေကြောင့် ခဲနဲ့ အာဆင်းနစ်တွေပါဝင်တဲ့ ရေဆိုးတွေဟာ ရေလမ်းကြောင်းအတွင်း စွန့်ထုတ်ခံရပြီး မြစ်ရေညစ်ညမ်းစေတာဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ထိုင်းတတိယစစ်ဒေသမှူး Kittiphong Jaemsuwan က ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကော့မြစ်ရေ အရည်အသွေး စစ်ဆေးနေစဥ်

အဆိုပါ ကိစ္စဆက်လက်ဆွေးနွေးကိုင်တွယ်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ကျားဖြန့်တွေကို နှိမ်နင်းဖို့ စစ်ကောင်စီနဲ့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး Nirat Pongsitthithavorn က သူတို့ရဲ့ ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို တင်ပြခဲ့ပါတယ်။

လ+က်ရှိ ကော့မြစ်ဟာ စိုက်ပျိုးရေးအတွက် ရေရရှိမှု အကန့်အသတ်ဖြစ်နေပေမယ့် အန္တရာယ်ရှိ သတ္တုပျော်ဝင်မှု လျော့ကျသွားပြီး ဘေးကင်းတဲ့ အနေအထားကို ရောက်နေကြောင်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း မြောက်ပိုင်းတိုင်း ဒေသ (၁) နဲ့ (၂) တို့က ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနဲ့ ဘဏ်လုပ်ငန်း ပူးတွဲအမြဲတမ်းကော်မတီက ကော့မြစ်နဲ့ မဲခေါင်မြစ်တို့က ရေထုညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့၊ အထူးသဖြင့် တရုတ်သံရုံးနဲ့ ပူးပေါင်းပြီး သတ္တုတွင်းလုပ်ငန်းတွေကို စစ်ဆေးရေး ထိုင်းအစိုးရက အရှိန်မြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

မူရင်းသတင်း – Myanmar ramps up cooperation

0 Shares:
You May Also Like
Read More

ကစားသမားဘဝကို နိုင်ပွဲနှင့်အတူ စွန့်ခွာသွားခဲ့တဲ့ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်

ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် NUG အစိုးရနှင့် မနက်ဖြန်မှာ တွေ့ဆုံမည်ဟု မလေးရှားဝန်ကြီးချူပ်က ပြော

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့အပြီးမှာတော့၊ မလေးရှားဝန်ကြီးချူပ်က မနက်ဖြန် ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။